ရီးယဲလ်က အပြောင်းအရွှေ့ သုံးစွဲမှုစရိတ်မှာ ဘာစီလိုနာထက် (၄၀) ရာခိုင်နှုန်း နည်းပါး

ရီးယဲလ်က အပြောင်းအရွှေ့ သုံးစွဲမှုစရိတ်မှာ ဘာစီလိုနာထက် (၄၀) ရာခိုင်နှုန်း နည်းပါး
(အီးပီအေ)

ပြီးခဲ့တဲ့ ကစားသမား အပြောင်းအရွှေ့ (၃) ရာသီမှာ ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ်အသင်းထက် (၄၀) ရာခိုင်နှုန်း ပိုမို သုံးစွဲခဲ့ကြောင်း သိရပါတယ်။

အဆိုပါ (၃) ရာသီအတွင်း ရီးယဲလ်က ယူရို (၂၃၉) သန်း သုံးစွဲခဲ့ချိန်မှာ ဘာစီလိုနာက ယူရို (၃၃၁) သန်းအထိ သုံးစွဲခဲ့တာဖြစ်ပါတယ်။

'Soccerex Transfer Review' ရဲ့ ဖော်ပြချက်အရ ၂၀၀၉ ခုနှစ်တုန်းက ရီးယဲလ်အသင်းဟာ အပြောင်းအရွှေ့မှာ အသုံးစရိတ် အများဆုံးဖြစ်ခဲ့ပြီး ယူရို (၈၄၇) သန်းအထိ သုံးစွဲခဲ့ရာ ပြိုင်ဘက် ဘာစီလိုနာက ယူရို (၆၇၄) သန်းသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း နှစ်တွေမှာ ဘာစီလိုနာက အပြောင်းအရွှေ့ သုံးစွဲမှုမှာ ရီးယဲလ်ကို လိုက်မီလာတာဖြစ်ပါတယ်။

ယခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာက ကစားသမား (၆) ဦးအတွက် ယူရို (၁၂၃) သန်း ပေးချေခဲ့ရချိန်မှာ ရီးယဲလ်အသင်းက မိုရာတာ တစ်ဦးတည်းကိုသာ ယူရို (၃၀) သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါကတော့ ဘာစီလိုနာရဲ့ မကြာသေးခင်က အပြောင်းအရွှေ့မှာ သိသာတဲ့ အကြီးမားဆုံး သုံးစွဲမှုဖြစ်ပါတယ်။

ရီးယဲလ်အသင်းက ဒီရာသီ အဝယ်ဘက်မှာ အသုံးစရိတ်နည်းခဲ့ပေမယ့် အရောင်းဘက်မှာတော့ လူငယ်ကစားသမားတွေထံကနေ ယူရို (၃၄.၅) သန်း အမြတ်ရရှိခဲ့ပြီး ဘာစီလိုနာကတော့ ကစားသမား ရောင်းချမှုမှ ယူရို (၁၃) သန်း ရရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။

Ref; Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required