ရီးယဲမက်ဒရစ်ရဲ့ အောင်မြင်မှုတွေမှာ ဇီဒန်းက အဓိက ‘သော့ချက်’ ဖြစ်ဟု စီရော်နယ်လ်ဒို ပြော

ရီးယဲမက်ဒရစ်ရဲ့ အောင်မြင်မှုတွေမှာ ဇီဒန်းက အဓိက ‘သော့ချက်’ ဖြစ်ဟု စီရော်နယ်လ်ဒို ပြော
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်အသင်း ကြယ်ပွင့် စီရော်နယ်လ်ဒိုက ပြီးခဲ့သည့်ရာသီက အသင်းအနေနဲ့ ချန်ပီယံလိဂ် အောင်မြင်မှုရဲ့ အရေးပါခဲ့သူမှာ နည်းပြ ဇီးဒန်းသာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အသက် (၄၄) နှစ်အရွယ် ဇီဒန်းဟာ ရာဖေးလ်ဘင်နီတက်ဇ် နေရာကို ဇန်နဝါရီလက အစားထိုး ဝင်ရောက်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ်က အက်သလက်ကို,ကို ပင်နယ်တီနဲ့ အနိုင်ရရှိပြီး အသင်းကို ဥရောပမှာ အောင်မြင်မှုရအောင် ဦးဆောင်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ ရာသီ ပြိုင်ပွဲစုံမှာ (၅၁) ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ အောင်မြင်မှုအတွက် ၎င်းက နည်းပြ ဇီဒန်းကို အလေးပေး ပြောကြားသွားပါတယ်။

"အသင်း အောင်မြင်မှုရဲ့ သော့ချက်က ဇီဒန်း ဖြစ်ပါတယ်။ သူရောက်လာတယ်။ ကျွန်တော်တို့ အလုပ်ကြိုးစားအောင် လုပ်ပေးနိုင်ခဲ့သလို အကောင်းဆုံးတွေလည်း ဖြစ်လာခဲ့ပါတယ်။ သူဟာ ကြီးကျယ်တဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်ပြီး ခမ်းနားတဲ့ ပုဂိုလ်တစ်ဦးဖြစ်ပါတယ်"လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။

"သူ့ရဲ့ အကောင်းဆုံး အရည်အသွေးက ကစားသမားတွေကို အေးဆေး တည်ငြိမ်တဲ့ ယုံကြည်မှုရှိလာအောင် လုပ်ပေးနိုင်ခြင်းလို့မြင်ပါတယ်။ ခြောက်လအတွင်း ချန်ပီယံလိဂ်ဖလား ရယူနိုင်တဲ့ ဘယ်နည်းပြများ လုပ်နိုင်သလဲ"လို့ ရီးယဲလ်အသင်း ကြယ်ပွင့် ကစားသမားက ဆိုပါတယ်။

"မက်ဒရက်မှာ အောင်မြင်မှုအတွက် ဇီဒန်းအနေနဲ့ ထိုက်တန်ပါတယ်။ အသင်းမှာ သူရှိနေတဲ့အတွက် ကျွန်တော်တို့ အလွန် ပျော်ရွှင်ရပါတယ်'' လို့လည်း ဆိုပါတယ်။"

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required