ဖမ်းဆီးခံထားရသည့် မက္ကဆီကို မူးယစ်ရာဇာ ဥမင်လှိုဏ်ခေါင်းမှ တစ်ဆင့်ထောင်ဖောက် ထွက်ပြေး

ဖမ်းဆီးခံထားရသည့် မက္ကဆီကို မူးယစ်ရာဇာ ဥမင်လှိုဏ်ခေါင်းမှ တစ်ဆင့်ထောင်ဖောက် ထွက်ပြေး

မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် ဂျာကင်ဂူဇ်မန်သည် ဥမင်လှိုဏ်ခေါင်းတစ်ခုမှတစ်ဆင့် ထောင်ဖောက်ထွက်ပြေးသွားခဲ့ကြောင်း အကျဉ်းထောင် အာဏာပိုင်များက ပြောကြားသည်။

အယ်တီပလန်နိုအကျဉ်းထောင်မှ အဆိုပါ တူးမြောင်းသည် ၁ ဒသမ ၅ ကီလိုမီတာ (တစ်မိုင်) ခန့်ရှည်ပြီး လေဝင်ပေါက်များ၊ လှေကားများ ပါဝင်ကြောင်း နိုင်ငံတော်လုံခြုံရေးအရာရှိက ပြောကြားသည်။

၎င်းလွတ်မြောက်သွားမှုနှင့် ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူ ၁၈ဦးကို ယခုအခါ စစ်ဆေးမေးမြန်းလျက်ရှိသည်။
 
မြို့တော်မက္ကဆီကို အနီးရှိ အကျဉ်းထောင် တာဝန်ရှိသူများက ဇူလိုင်၁၁ ရက်တွင် ရေချိုးခန်းအတွင်း နောက်ဆုံးမြင်တွေ့ခဲ့ရပြီး ၎င်းအနေဖြင့် လုံခြုံရေးတင်းကျပ်သော အဆိုပါအကျဉ်းထောင်မှ ဒုတိယအကြိမ် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
 
၎င်းအား ၁၉၉၃ ခုနှစ်က ဂွာတီမာလာအကျဉ်းထောင်တွင် ဖမ်းမိခဲ့ပြီး ထောင်ဒဏ် နှစ်၂၀ ကျော် ချမှတ်ခြင်းခံခဲ့ရပြီးနောက် ၂၀၀၁ ခုနှစ်အတွင်းကလည်း ဂူဇ်မန်သည် အကျဉ်းထောင်အရာရှိများအား လာဘ်ထိုးပြီးနောက် လျှော်မည့် အဝတ်များထည့်သည့် ပုံးတစ်ခုအတွင်း ပုန်းအောင်ဝင်ရောက်ပြီး ထွက်ပြေးသွားခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ပြန်လည်ဖမ်းမိခဲ့သည်။
 
ယခုထွက်ပြေးသွားခဲ့သည့် လှိုဏ်ခေါင်းသည် သူ၏ အခန်းအနီးတွင်စပြီး အကျဉ်းထောင်ဝန်းနံရံအပြင်ဘက်သို့ ရောက်ရှိသည်။
ဂူဇ်မန်၏ ပိုင်ဆိုင်မှုအရပ်ရပ်သည် အမေရိကန်ဒေါ်လာ ၁ ဘီလျံခန့်ရှိနိုင်ပြီး ၂၀၁၄ ခုနှစ်တွင် ပြန်လည်အဖမ်းမခံရမီက ၎င်းရှိသောနေရာအား သတင်းပေးနိုင်သူကို ဒေါ်လာ ၅ သန်းပေးမည်ဟု ဆုငွေ ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags