ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်လိုနေသော ဗီယက်နမ်ကို အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးမည်

ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်လိုနေသော ဗီယက်နမ်ကို အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးမည်

စက်တင်ဘာ ၃ ။                    ။  ဗီယက်နမ်တို့၏ စစ်ရေးအင်အား တိုးမြင့်နေမှုများကို အားပေးလိုသည့်အနေဖြင့် ချေးငွေ ဒေါ်လာ သန်း ၅၀၀ (စင်ကာပူဒေါ်လာ သန်း ၆၈၀) ကူညီပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားလိုက်သည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့၏ စစ်ရေးအင်အား တိုးချဲ့ပြသလာမှုများကို တုန့်ပြန်နိုင်ရန် အလို့ငှာ ဗီယက်နမ်နှင့် အိန္ဒိယ နှစ်နိုင်ငံအကြား လုံခြုံရေးပိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။

ယခု ကိစ္စရပ်ကို ဟနွိုင်းမြို့သို့ အလည်အပတ်ခရီးစဉ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ကြေညာသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင်မူ ဗီယက်နမ်နိုင်ငံအနေဖြင့် ပေကျင်းအစိုးရနှင့် နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်၍ ပိုမိုတင်းမာလာနေချိန်တွင် ယင်း၏  စစ်လက်နက်ပစ္စည်းများကို ခေတ်မီလက်နက်များနှင့် အစားထိုးနိုင်ရန် လိုအပ်နေလျက်ရှိကြောင်းလည်း သိရသည်။

" နှစ်နိုင်ငံ ကာကွယ်ရေးပိုင်း ပူးပေါင်းမှုကို ပိုမိုမြှင့်တင်နိုင်ဖို့အတွက် ခုလိုမျိုး ဗီယက်နမ်နိုင်ငံကို ကာကွယ်ရေးအသုံးစရိတ်ချေးငွေ တစ်ရပ် ထုတ်ပေးနိုင်တဲ့အပေါ် ကျွန်တော်ဝမ်းသာမိပါတယ်" လို့ မစ္စတာ မိုဒီက ပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required