တေးသံရှင် ဂျက်မြသောင်းက တေးသီချင်း ခွင့်ပြုချက်မဲ့ အသုံးပြုသူများကို တရားစွဲမည်

တေးသံရှင် ဂျက်မြသောင်းက တေးသီချင်း ခွင့်ပြုချက်မဲ့ အသုံးပြုသူများကို တရားစွဲမည်

ရန်ကုန်၊ စက်တင်ဘာလ ၂ ။                        ။ မြန်မာနိုင်ငံ ဂီတအစည်းအရုံးအပါအဝင် FM များ၊ သီဆိုပြိုင်ပွဲကျင်းပသည့် ကုမ္ပဏီများနှင့် သီဆိုသူများကို တေးသီချင်း မူပိုင်ခွင့် နှင့် ပတ်သက်၍ ခွင့်ပြုချက်တောင်းခံခြင်းမပြုဘဲ အသုံးပြုခဲ့သည့်အတွက် တည်ဆဲ ဥပဒေနှင့် အညီတရားစွဲဆို သွားမည်ဖြစ်ကြောင်း တေးသံရှင် ဂျက်မြသောင်းက ပြောသည်။

တေးသံရှင် ဂျက်မြသောင်း၏ သီချင်းမူပိုင်ခွင့် အခွင့်အအရေးနှင့် ပတ်သက်၍ စက်တင်ဘာလ ၂ ရက်၊ နံနက် ၁၁နာရီမှ မွန်းလွဲ ၁ နာရီထိ ရန်ကုန်မြို့၊   ကျောက်တံတားမြို့နယ်ရှိ   မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"သီချင်း တစ်ပုဒ်ဖြစ်လာဖို့အတွက် ဘဝအထွေထွေတွေကို ရင်းနှီးခဲ့ရတာပါ၊ ကျွန်တော်ဆိုတဲ့ သီချင်းတွေ အများကြီးပဲ၊ နာမည်ကြီးထားတဲ့ ရင်းနှီးထားတဲ့ သီချင်းတွေပဲ ခူးစားတယ်၊ ကျွန်တော်ကို ခွင့်တောင်းရင် ခြောက်ဆယ် ခုနှစ် ကျပ်ငါး ပြားနဲ့ ဘယ်ရောင်းမလဲ၊ ကျွန်တော်ကို လာတောင်း ကျွန်တော် အလကားပေးမှာပေါ့၊ ခုတော့ သူတို့လုပ်ချင်သလို လုပ် နေကြတာပေါ့၊ ဂီတအစည်းအရုံးကို ကျွန်တော် အတန်တန်တားတယ်၊ သူတို့ အဖွဲ့အစည်းအနေနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ပုံစံနဲ့ ကျွန်တော်တို့ကို နှိပ်ကွပ်တာပေါ့၊" ဟု တေးသံရှင် ဂျက်မြသောင်းက ပြောသည်။

တေးသီချင်းများကို ခွင့်ပြုချက်မတောင်းဘဲ တဆင့်ရောင်းချမှု၊ အသုံးပြုသီဆိုမှု၊ ထုတ်လုပ်မှုများ၊ ရိုက်ကူးမှု၊ အသံလွှင့်မှု၊ ရုပ်သံထုတ်လုပ်မှု၊ ပြိုင်ပွဲများတွင်သီဆိုမှုများအပါအဝင် စီးပွားရေးအရ အသုံးပြုမှုများအား အကြိမ်အရေအတွက် ၄၅ဝဝ ခန့် ပြုလုပ်ခံခဲ့ရကြောင်းနှင့် ယင်းသို့ ဆောင်ရွက်မှုများကို စက်တင်ဘာလအတွင်း ဥပဒေနှင့်အညီ တရားစွဲ ဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ သီချင်းပဲဖြစ်ဖြစ် တခြားအနုပညာပဲဖြစ်ဖြစ် ကောင်းမွန် ခိုင်မာတဲ့ ကျွန်တော်တို့ ဖန်တီးတဲ့ သူတွေကို အပြည့်အဝစောင့်ရှောက်ပေးနိုင်တဲ့ စနစ် လုံးဝကို လိုအပ်နေပြီလို့ ကျွန် တော် အသေအချာယုံကြည်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီစနစ်တွေရဲ့ စောင့်ရှောက်မှုရှိမှပဲ ကျွန်တော်တို့က ပိုမိုပြီး တော့ ကောင်းမွန်တဲ့ အနုပညာတွေ ဖန်တီးနိင်မယ်" ဟု တေးရေးဆရာ ညီညီသွင်က ဆိုသည်။

၎င်း၏ လွှဲအပ်ညွှန်ကြားချက်အရ တရားလွှတ်တော်ရှေ့နေများက သတိပေး တားမြစ်ချက်များကို နိုင်ငံတော်အစိုးရပိုင် သတင်းစာမှ (၂) ကြိမ် ကြေငြာခဲ့ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

"နဂိုတည်းကလည်း ကျွန်တော်တို့က ဂျက်မြသောင်းရယ်လို့ မဟုတ်ဘူး၊ FM တွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ဂီတသ မား တွေရဲ့ရသင့် ရထိုက်တာတွေ ရနိုင်အောင်လို့ ဆောင်ရွက်ပေးတာပဲလေ၊ သူက သူသဘောဆန္ဒအရကတော့ ဒါက သူ့ ဆန္ဒပဲလေ၊ ကျွန်တော်တို့မပြောလိုဘူးလေ၊ ကျွန်တော်တို့ကတော့ အများအတွက် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်း ဖြစ် တဲ့အတွက် ကျွန်တော်တို့ဘက်ကတော့ စည်းကမ်းဘောင်အတွင်းက လုပ်တာပဲဖြစ်တယ်၊ နောက်တစ်ခုက ကာယကံရှင် ကိုယ်တိုင်က တရားဝင် ကျွန်တော်တို့ဆီမှာ တင်ပြလာတဲ့ အခါမှာ သက်ဆိုင်ရာ FM တွေအကုန်လုံးကို ဒီလူက တရား ဝင်တင်ပြထားတယ်၊ သူနဲ့ ပတ်သတ်လို့ သူ့နဲ့တိုက်ရိုက်ဆွေးနွေးပါလို့ စာကိုလည်း ကျွန်တော်တို့ထုတ်ပေးပါတယ် " ဟု မြန်မာနိုင်ငံဂီတ အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးလွင်မြင့်က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှင်းပြသည်။

ခွင့်ပြုချက် တောင်းခံခြင်းမပြုဘဲ တေးသီချင်းများအား အသုံးပြုခြင်းနှင့် ပတ်သက်၍ သက်သေခံ အပြည့်အစုံဖြင့်   နိုင်ငံ တော်သမ္မတ၊   ပြည်ထောင်စု တရားသူကြီးချုပ်၊   ; ပြည်ထောင်စုရှေ့နေချုပ် ၊   ပြည်ထဲရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ ဆက် သွယ်ရေးဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း လွှတ်တော်တို့ကိုလည်း အဆင့်ဆင့် တင်ပြ ထား ပြီးဖြစ်ကြောင်းလည်း ယနေ့   ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required