"မိုးကုတ်က ခိုးတွင်းများကို ဖမ်းတော့မည်"

"မိုးကုတ်က ခိုးတွင်းများကို ဖမ်းတော့မည်"

မန္တလေး၊ စက်တင်ဘာ ။              ။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ ခိုးတွင်းများကို စစ်ဆေးအရေးယူသွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးသစ်က မဇ္ဈိမကိုပြောသည်။

"ခိုးတွင်းတွေရှိမယ်လို့ ယုံကြည်တယ်လေ။ ဒါကြောင့်ပါ။ မိုးကုတ်ဘက်ကနေ ဝင်ဖို့ကြတော့ သွားဖို့လာဖို့ခက်တယ်။ မိုးမိတ်ကနေဝင်မှရတယ်။"ဟု ဦးမျိုးသစ်ကပြောသည်။

အဆိုပါ ခိုးတွင်းများကို ဝင်ရောက်စစ်ဆေးဖမ်းဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ဘက်မှ ဝင်ရောက်ရမည်ဖြစ်သောကြောင့် ပြည်နယ်အစိုးရအဖွဲ့ဖြင့်လည်း ဆွေးနွေးရန်စီ စဉ်လျှက်ရှိကြောင်း ဦးမျိုးသစ်ကဆိုသည်။

"ဒီမှာတွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်။"ဟု ဦးမျိုးသစ်က ပြောသည်။

ကင်းချောင်းအနီးရှိ ရွှေလုပ်ကွက် ၈ ကွက်ကို ယာယီရပ်နားခိုင်းထားပြီး စွန့်ပစ်ပစ္စည်းများကိုလည်း သဘာဝပတ်ဝန်းကျင်မထိခိုက်စေရန်အတွက်လည်း ညွှန်ကြားထားသည်ဟု ဦးမျိုးသစ်ကဆိုသည်။

"လုပ်မယ့်ရက်တော့ ပြောလို့မရသေးဘူး။ ကင်းချောင်း ပျက်စီးနေတာက ခိုးတွင်းတွေကြောင့် လို့ ထင်တယ်။"ဟု ဦးမျိုးသစ်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required