ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ကော်မရှင်ကို လက်ခံတွေ့ဆုံရန် မရှိဟု ဒေါက်တာအေးမောင်ဆို

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ကော်မရှင်ကို လက်ခံတွေ့ဆုံရန် မရှိဟု ဒေါက်တာအေးမောင်ဆို

ရန်ကုန်၊ စက်တင်ဘာ ၂ ။             ။ ရခိုင်အင်အားကြီးပါတီ တစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို လက်ခံတွေ့ဆုံမည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ ညှိရဦးမယ် ပါတီတွင်းမှာလေ ၊ ကော်မရှင်အနေနဲ့တော့ တွေ့ဖို့မရှိပါဘူး၊ လူပုဂ္ဂိုလ်ဆိုရင်တောင် ကျွန် တော်တို့ ညှိရဦးမယ်။ ကော်မရှင်ဆိုရင်တော့ ပြတ်တယ်။ ကျွန်တော်တို့ ကြေညာချက်အတိုင်းပဲ" ဟု ဒေါက်တာအေး မောင်က ပြောသည်။

ထိုသို့ တွေ့ဆုံမှုမရှိခြင်းကြောင့် ရခိုင်ပြည်သူတို့၏ ပြောဆိုပိုင်ခွင့် ဆုံးရှုံးမှု မရှိနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ကိုဖီအာနန်ပါဝင်သည့် အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၆ ရက်နေ့တွင် လာမည်ဖြစ်ကြောင်း ရ ခိုင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုပြောကြားသည်။

ကော်မရှင်အနေဖြင့် အဆိုပါ ခရီးစဉ်အတွင်း အစိုးရအဖွဲ့အစည်းများ ၊ ပြည်သူများနှင့် တွေ့ဆုံသွားရန်အစီအစဉ်ရှိ သော် လည်း  ရခိုင်အမျိုးသားပါတီနှင့် တွေ့ဆုံရန် မသေချာသေးကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန် ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောကြားထားသည်။

"အကြမ်းဖျဉ်း သိသလောက် ပါတီနဲ့ တွေ့ဖို့မရှိသေးဘူး ၊ နီးမှ အသေးစိတ်သိရမယ်။ ပြည်သူတွေနဲ့ တွေ့မယ်၊ အစိုးရ အ ဖွဲ့အစည်းတွေနဲ့ တွေ့မယ်၊ ရဟန်းသံဃာတွေနဲ့တွေ့မယ်" ဟု ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်အမျိုးသားပါတီအနေနှင့် ပြည်ပ နိုင်ငံခြားသား သုံးဦးပါဝင်နေသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းရန်  တောင်းဆိုသည့် သဘောထားထုတ်ပြန်ချက်တစ်စောင်ကို သြဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ထား သည်။

 ထို့အပြင် ရခိုင်အမျိုးသားပါတီ ပေါက်တော မြို့ နယ် အမတ် ဦးအောင်ကျော်ဇံက  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို မြန်မာနိုင်ငံသားများဖြင့်သာ ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်သို့ တင် သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် အတည်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required