မန်ချက်စတာ ဒါဘီပွဲကို အမ်ခီတာယန် ဒဏ်ရာကြောင့်လွဲရမည်ကို စိုးရိမ်နေရ

မန်ချက်စတာ ဒါဘီပွဲကို အမ်ခီတာယန် ဒဏ်ရာကြောင့်လွဲရမည်ကို စိုးရိမ်နေရ

စက်တင်ဘာ ၂၊ မန်ချက်စတာ။           ။ မန်ချက်စတာယူနိုက်တက်ကစားသမား အမ်ခီတာယန်သည် စက်တင်ဘာ ၁၀ တွင် မန်ချက်စတာစီးတီးနှင့်ကစားရမည့် ဒါဘီပွဲကို ဒဏ်ရာကြောင့်လွဲရမည်ကို စိုးရိမ်နေရသည်။

ယူနိုက်တက်ကွင်းလယ်ကစားသမားသည် ဗုဒ္ဓဟူးနေ့တွင် အာမေးနီးယားက ချက်အသင်းကို ၃-၀ ဂိုးဖြင့်ရှုံးသည့်ပွဲ၌ ဒဏ်ရာ ကြောင့်လူစားလဲခံခဲ့ရသည်။

ချက်ကစားသမား ဆူခီနှင့်ထိခိုက်မိပြီးလဲကျခဲ့သဖြင့် ပွဲချိန်ပထမပိုင်းမှာပင် လူစားလဲခံခဲ့ရခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်တွင် ယူနိုက်တက်အသင်းရလဒ်ကောင်းများရနေရာ နည်းပြမော်ရင်ဟိုအနေဖြင့် အသက် ၂၇ နှစ်အရွယ် အမ်ခီတာယန်၏ ဒဏ်ရာ ပြင်းထန်ခြင်းမရှိစေရန် ပူပန်နေသည်။

နိုင်ငံတကာပွဲများအတွက် ကလပ်အသင်းပွဲများရပ်နားထားခြင်းနှင့်ပတ်သက်ပြီး မော်ရင်ဟိုက “အသင်းမှာကစားသမား ရှစ်ယောက်ပဲကျန်တယ်။ တခြားသူတွေကို နိုင်ငံအသင်းတွေအတွက် လွှတ်ပေးထားရပြီး သူတို့ဘယ်လို လေ့ကျင့်ကြရလဲ၊ ဘယ်လိုအနားယူကြရလဲဆိုတာ မသိဘူး”ဟု ပြောသည်။

အမ်ခီတာယန်သည် ယူနိုက်တက်အသင်းတွင် ပွဲထွက် ၁၁ ယောက်အတွင်းပါဝင်ခြင်းမရှိသေးသော်လည်း ဟားလ်စီးတီးနှင့် ကစားသည့် ပွဲတွင်မူ လူစားဝင်ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly