ပြည်နယ်နှင့် တိုင်းများတွင် ရွေ့လျားစာကြည့်တိုက် ၂၅ နေရာထိ တိုးချဲ့ ဖွင့်လှစ်သွားမည်

ပြည်နယ်နှင့် တိုင်းများတွင် ရွေ့လျားစာကြည့်တိုက် ၂၅ နေရာထိ တိုးချဲ့ ဖွင့်လှစ်သွားမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ စက်တင်ဘာလ ၁ ။            ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်  ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပြည်နယ်နှင့် တိုင်းများတွင် (၂)နှစ် အတွင်း ရွေ့လျားစာကြည့်တိုက် ၂၅ နေရာထိ တိုးချဲ့ ဖွင့်လှစ်သွားမည်ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ သန့်သော်ကောင်းက မဇ္ဈိမကို ပြောသည်။

"ကလေးတွေ စာဖတ်ခြင်းမြှင့်တင်ဖို့၊ နောက်တစ်ခုက ကျောင်းစာကြည့်တိုက်တွေကို ပံ့ပိုးပေးဖို့၊ အခုကတော့ ရပ်ရွာ ဒေ သ တွေမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်နိုင်ဖို့အတွက် Community Library ကို Community Centre အဖြစ် ပါ ပြောင်းနေတာပေါ့လေ၊ "ဟု ဒေါက်တာ သန့်သော်ကောင်းက ဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့  နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ  စိန်ရတုခန်းမ (မြေညီထပ်)၌ ကျင်းပသည့် မြန်မာနိုင်ငံ စာကြည့်တိုက် ရုံးခန်းဖွင့်ပွဲ အခမ်းအနားတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"မြို့ကြီးတွေမှာတော့ စာဖတ်အားနည်းတယ်ဆိုပေမယ့် အီလက်ထရောနစ် မိုဘိုင်းတွေ သုံးတာပေါ့နော်၊ ဒါပေမယ့် ဆရာတို့ မြင်ရတာတော့ နယ်တွေမှာတော့ သိပ်မဆိုးဘူး၊ ဆရာတို့ ရွေ့လျားစာကြည့်တိုက်အနေနဲ့ ကားတွေနဲ့နယ်တွေ ရွာ တွေသွားတော့ စာအုပ်က တစ်ထောင် နှစ်ထောင်ယူသွားရင်လည်းကုန်တာပဲ ၊ အားလုံးကတော်တော်လေးကို စာဖတ် ကြတယ် " ဟု မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း နယက ဦးသော်ကောင်းက ပြောသည်။

ရွေ့လျားစာကြည့်တိုက်ကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ကော့မူးမြို့နယ်မှ စတင်ကာ နေပြည်တော်၊ ကလော၊ နတ် မောက်၊ မြောင်းမြနှင့် လွန်ခဲ့သော ၃ ပတ်က အင်းစိန်မြို့နယ်တို့တွင် ၆ နေရာ ဖွင့်လှစ်ထားပြီး ကလေးစာပေများမှာ အ များဆုံးဖြစ်ကာ သုတ၊ ရတ စာပေ မျိုးစုံပါဝင်ကြောင်း မြန်မာနိုင်ငံစာကြည့်တိုက်အသင်း နယက ဦးသော်ကောင်း၏ ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly