မြန်မာနိုင်ငံအတွင်းရှိ သူပုန်စခန်းများ နှိမ်နှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မဏိပူရဝန်ကြီးချုပ်က အိန္ဒိယပြည်ထဲရေးဝန်ကြီးကို တိုက်တွန်း

မြန်မာနိုင်ငံအတွင်းရှိ သူပုန်စခန်းများ နှိမ်နှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မဏိပူရဝန်ကြီးချုပ်က အိန္ဒိယပြည်ထဲရေးဝန်ကြီးကို တိုက်တွန်း

မြန်မာနိုင်ငံအတွင်းရှိ သူပုန်စခန်းများအား နှိမ်နှင်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် အိုကရမ်အီဘိုဘီဆင်းက အိန္ဒိယပြည်ထဲရေးဝန်ကြီး ရာနက်ဆင်းအား ဇူလိုင် ၁၁ ရက်က တိုက်တွန်းလိုက်သည်။

နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့များ စေလွှတ်ရေး ပြည်ထဲရေးဝန်ကြီးဌာန၏ ကမ်းလှမ်းမှုကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က သဘောတူညီခဲ့ပြီး နယ်စပ်စည်းရိုး ကာရန်ရေးအတွက် ဗဟိုအစိုးရက ကြားဝင်ဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။ 

မြန်မာနိုင်ငံနယ်စပ်တွင် အိန္ဒိယမိုဘိုင်းဖုန်းဆင်းကဒ်များကို သူပုန်များက အသုံးပြုကာ မဏိပူရပြည်နယ်အတွင်းမှ ပြည်သူများအား ခြိမ်းခြောက်နေမှု ပြဿနာများကို အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ဖြေရှင်းရန် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။ 

လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများအား ခိုးသွင်းခြင်းကို ကာကွယ်ရန် မိုရေးသို့ သွားသည့် အဝေးပြေးလမ်းတစ်လျှောက်တွင် ယာဉ်များအား စစ်ဆေးသည့် ကိရိယာများကို တပ်ဆင်ရန်လည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြားတွင် စည်းရိုးကာရန်မထားသည့် နယ်နမိတ်အရှည် ၃၅၂ ကီလိုမီတာရှိပြီး လက်နက်မှောင်ခိုမှုများ၊ တားမြစ်ဆေးဝါးများနှင့် သူပုန်အုပ်စုများ ဖြတ်သန်းဝင်ရောက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required