လိုင်စင်မဲ့ ကန်တရိုက်တာများ ပပျောက်ရေး လိုင်စင်ရ အဆောက်အဦး ကန်ထရိုက်တာများအသင်း ဖွဲ့စည်းမည်

လိုင်စင်မဲ့ ကန်တရိုက်တာများ ပပျောက်ရေး လိုင်စင်ရ အဆောက်အဦး ကန်ထရိုက်တာများအသင်း ဖွဲ့စည်းမည်

ရန်ကုန်၊ စက်တင်ဘာလ ၁ ။                   ။ အရည်အသွေးမှီသော အဆောက်အဦးများဖြစ်ပေါ်လာရန်နှင့် လိုင်စင်မဲ့ဆောက်လုပ်နေသော ကန်ထရိုက်တာများ ပ ပျောက်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လိုင်စင်ရအဆောက်အဦး ကန်ထရိုက်တာ များ အသင်းကို ဖွဲ့စည်းသွားမည်ဟု ထွန်းဆောက်လုပ်ရေးမှ ဦးလားဇယ်က မဇ္ဈိမသို့ ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လိုင်စင်ရ အဆောက်အဦး ကန်ထရိုက်တာများအသင်း(ယာယီ) (Y.C.D.C L/C Assocation)အသင်း ဖွဲ့စည်းရေးအတွက် ပထမအကြိမ် အစည်းအဝေးကို လိုင်စင်ရ ကန်ထရိုက်တာ ၇ဝဝ ကျော်ဖြင့် သြဂုတ်လ ၃၁ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မြေပဒေသာကျွန်းရှိ Dolphin Restaurant တွင် ပြုလုပ်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အားလုံး အရည်အသွေးမမှီဘူးလို့ မပြောလိုပါဘူး၊ ရာခိုင်နှုန်းတော်တော်များများက အရည်အသွေးမှီပါတယ်၊ မမှီတဲ့  အဆောက်အဦးတွေကြောင့် ကျွန်တော်တို့ မြေရှင်တွေလည်း စိတ်ဆင်းရဲနေရတယ်၊ တိုက်ခန်းဝယ်သူတွေလည်း စိတ် ဆင်းရဲနေရတယ်၊ အဲလိုမျိုးဟာတွေက အရည်အသွေးမှီတဲ့ မှန်မှန်ကန်ကန်ဖြစ်တဲ့ ကန်ထရိုက်တွေနဲ့အတူ ဆောက် လိုက်လို့ရှိရင် အားလုံးအတွက် အဆင်ပြေသွားမယ်၊ အဲဒါကြောင့် ဒီအသင်းကြီးကနေပြီးတော့ ပြည်သူလူထုတွေကို အ သင်းဖွဲ့စည်းပြီးသွားတဲ့အခါ ရှေ့ဆက်သွားမယ့် မူဝါဒတွေကို ရေးပြီးတော့ ချပြသွားမှာဖြစ်ပါတယ် " ဟု ဦးလားဇယ်က ပြောသည်။

လိုင်စင်ရအဆောက်အဦး ကန်ထရိုက်တာများ အသင်းကို အကြံပေး နာယက ၃ ဦး၊ ဦးစီးကော်မတီဝင် ၃၆ ဦး၊ အလုပ် အမှု ေဆောင် ၁၈ ဦးနှင့်အတူ ဥပဒေပညာရှင်အဖွဲ့၊ အင်ဂျင်နီယာပညာရှင်အဖွဲ့၊ ဗိသုကာပညာရှင်အဖွဲ့နှင့် လျှပ်စစ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ အထွေထွေပညာရှင်အဖွဲ့များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၃၁ ရက် မှ စတင်ကာ ၁၄ ရက်အတွင်း အမှုဆောင်အစည်းအဝေးခေါ်ယူကာ စတင်သွားမည်ဟု လိုင်စင်ရ အဆောက်အဦး ကန်ထရိုက် တာများအသင်း ဖွဲ့စည်းရေး အစည်းအဝေးပွဲမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly