၀ီဂါတိုင်းရင်းသားများအား တရုတ်သို့ အဓမ္မပြန်ပို့ခြင်းအပေါ် အမေရိကန်က ထိုင်းကို ပြစ်တင်ရှုတ်ချ

၀ီဂါတိုင်းရင်းသားများအား တရုတ်သို့ အဓမ္မပြန်ပို့ခြင်းအပေါ် အမေရိကန်က ထိုင်းကို ပြစ်တင်ရှုတ်ချ

ဝီဂါတိုင်းရင်းသား ၁၀၀ ကျော်အား နေရပ်သို့ တရုတ်နိုင်ငံသို့ ထိုင်းအစိုးရက ပြန်ပို့ခြင်းအပေါ် အမေရိကန်အစိုးရက ဇူလိုင် ၁၁ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်သည်။

ထိုင်းအစိုးရ၏ လုပ်ရပ်သည် နိုင်ငံတကာသဘောတူညီချက် ဝတ္တရားများကို ထိခိုက်စေကြောင်းနှင့် ထိုင်းနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံသူများ အကာအကွယ်ပေးရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဂျွန်ကာဘီက အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းအစိုးရ၏ အဆိုပါလုပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတကာ ဥပဒေတစ်ရပ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဝေဖန်ပြောကြားလိုက်သည်။

ကျန်ရှိနေသည့် ဝီဂါတိုင်းရင်းအားများအနေဖြင့် ၎င်းတု့ိနေထိုင်လိုသော နိုင်ငံသို့ ထိုင်းအစိုးရအနေဖြင့် သွားခွင့်ပြုရန်နှင့် လက်ရှိပြန်ပို့ခံရပြီးသည့် ဝီဂါများကိုလည်း တရုတ်အစိုးရက ကောင်းမွန်စွာ ဆက်ဆံ ဆောင်ရွက်ရန် ကာဘီက တိုက်တွန်းထားသည်။

ထိုင်းအစိုးရက ဝီဂါများကို ပြန်ပို့မှုကြောင့် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ထိုင်းကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံခဲ့ရသော်လည်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မိမိ၏ ဆုံးဖြတ်ချက်အပေါ် ခုခံပြောကြားထားသည်။

"ဝီဂါတွေကို တရုတ်ကို ပြန်ပို့လိုက်ရင် သူတို့အချင်းချင်းဖြစ်တဲ့ ပြဿနာဟာ ကျွန်တော်တို့နဲ့ မဆိုင်တော့ပါဘူး" ဟု ပရာယွတ်ချန်အိုချာက ပြောကြားသည်။

မိမိအနေဖြင့် အစ္စတန်ဘူကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းများ၏ လုံခြုံရေးဦး အဓိကထားကြောင်း ပရာယွတ်က ပြောကြားသည်။
"ကျွန်တော်တို့ သံရုံးက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အဓိကထားပါတယ်။ အခြေအနေတွေပိုဆိုလာရင် အဲဒီသံရုံးကို ယာယီပိတ်သွားပါမယ်" ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags