စင်ကာပူတွင် ဇီကာဖြစ်ပွားသူ ၈၂ ဦးရှိ၊ ခရီးသွားသတိပေးချက်များထုတ်ထား

စင်ကာပူတွင် ဇီကာဖြစ်ပွားသူ ၈၂ ဦးရှိ၊ ခရီးသွားသတိပေးချက်များထုတ်ထား

စင်ကာပူ၊ သြဂုတ် ၃၁ ။                ။ စင်ကာပူတွင် ဇီကာပိုးပျံ့နှံ့ဖြစ်ပွားနေသည်မှာ ၈၂ ဦးထိရှိလာပြီး စတင်ကူးစက်ပျံ့နှံ့သည့် နေရာဒေသများပြင်ပတွင် နောက်ဆုံးရောဂါပိုးပျံ့နှံ့မှု ကြုံတွေ့နေခြင်းဖြစ်သည်။

နိုင်ငံအချို့က ကိုယ်ဝန်ဆောင်များအား စင်ကာပူနိုင်ငံသို့ သွားရောက်ခြင်း မပြုရန် အကြံပေးချက်များ ထုတ်ထားသည်။ ဘန်ကောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက စင်ကာပူတွင် ဇီကာကူးစက်သူများတွင် ထိုင်းနိုင်ငံသားများ မပါဝင်ကြောင်း ပြောသည်။

ခြင်မှပေါက်ဖွားသည့် ဇီကာပိုးကို ပြီးခဲ့သည့်နှစ်က ဘရာဇီးတွင် စတင်တွေ့ရှိခြင်းဖြစ်ပြီး အမေရိကတစ်လွှား ပျံ့နှံ့ဖြစ်ပွားသည်။ ရောဂါပိုးကူးစက်လျှင် ကိုယ်ဝန်သည်များ၌ မွေးဖွားကလေးများတွင် ဦးခေါင်းပုံမမှန် မရှိခြင်းများ ဖြစ်စေသည်။ ဘရာဇီးတွင် ဇီကာပိုးကြောင့် ဦးခေါင်းသေးပြီး ဦးနှောက်ပုံမှန်သော ကလေးငယ်များ မွေးဖွားမှု ၁၈၀၀ ကျော်ရှိသည်။

သြစတြေးလျ၊ ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့က ခရီးသွားလာမှုသတိပေးချက်များ ထုတ်ထားပြီး စင်ကာပူတွင်လည်း ကိုယ်ဝန်သည်များအား ဇီကာပိုး လက္ခဏာဖြစ်ပေါ်လျှင်ဖြစ်စေ၊ လက်တွဲဖော်တွင် ဇီကာဖြစ်ပွားလျှင် ဖြစ်စေ အခမဲ့ ဇီကာပိုးလာရောက် စစ်ဆေးကြရန်လည်း တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags