စပါးအသင်းနှင့် အဲရစ်ဆင်တို့ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်

စပါးအသင်းနှင့် အဲရစ်ဆင်တို့ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်

သြဂုတ် ၂၉၊ အင်္ဂလန် ။                ။ စပါးအသင်းသည် ၎င်းတို့၏ အဓိကကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကို ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် နီးစပ်နေပြီ ဖြစ်သည်။

ဒိန်းမတ်လက်ရွေးစင်ကစားသမား အဲရစ်ဆင်သည် လက်ရှိတွင် တစ်ပတ်လုပ်ခလစာငွေပေါင် ၃၂၀၀၀ ရရှိနေပြီး စာချုပ်သက်တမ်းမှာ ၂ နှစ်ကျန်ရှိနေသေးသည်။

ရာသီမစတင်မီက အဲရစ်ဆင်ဘက်မှ တစ်ပတ်လုပ်ခလစာငွေပေါင် ၁ သိန်းခွဲအထိ တိုးမြှင့်တောင်းဆိုခဲ့ရာ စပါးအသင်းက အဲရစ်ဆင်နှင့် နွေရာသီတစ်လျှောက်လုံးဆွေးနွေးခဲ့ရသည်။ ယခုနောက်ဆုံးတွင် တစ်ပတ်လုပ်ခလစာငွေ ရှစ်သောင်းအထိတိုးမြှင့်ပေးခဲ့ပြီး ငါးနှစ်စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်သည်။

လီဗာပူးလ်အသင်းနှင့်ကစားခဲ့သောပွဲစဉ်တွင် အဲရစ်ဆင်မှာ ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေခဲ့ရသည်။ စပါးနည်းပြ ပိုချက်တီနိုက လစာငွေကိစ္စသည် အဲရစ်ဆင်အပေါ်ဖိအားသက်ရောက်နေကြောင်း ဝန်ခံခဲ့သည်။

ပိုချက်တီနိုက ‘ ဒီကာလက သူ့အတွက် ခက်ခဲတဲ့ကာလပါ။ ကစားသမားတွေဟာ တစ်ခါတစ်ရံမှာ သူတို့မျှော်လင့်ထားတဲ့ခြေစွမ်းအတိုင်းမရတတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲရစ်ဆင်နဲ့ အလုပ်လုပ်ရတာကို ပျော်ပါတယ်။ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ’ ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required