၀င်စတန်ရိဒ်ကို တံတောင်ဖြင့် တွတ်ခဲ့သောကြောင့် မန်စီးတီးတိုက်စစ်မှူး အဂူရို သုံးပွဲပယ်ခံရဖွယ်ရှိ

၀င်စတန်ရိဒ်ကို တံတောင်ဖြင့် တွတ်ခဲ့သောကြောင့် မန်စီးတီးတိုက်စစ်မှူး အဂူရို သုံးပွဲပယ်ခံရဖွယ်ရှိ

သြဂုတ် ၂၉၊ အင်္ဂလန် ။              ။ မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အဂူရိုသည် ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်ကို တံတောင်ဖြင့် တွတ်ခဲ့သည့်အတွက် သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေသည်။

ထိုအဖြစ်အပျက်၏အနီးအနားတွင် ကွင်းလယ်ဒိုင်လူကြီးမာရီနာ ရှိနေခဲ့သော်လည်း ပြစ်ဒဏ်ဘောအဖြစ်သတ်မှတ်ပေးခြင်း မရှိခဲ့ပေ။ ယခုအချိန်တွင် အက်ဖ်အေသည် ကွင်းလယ်ဒိုင်၏ အစီရင်ခံစာကို   စောင့်ဆိုင်းနေပြီး ဒိုင်အနေဖြင့် ထိုအဖြစ်အပျက်ကို မတွေ့မြင်ခဲ့ဟု ဆိုပါက ရုပ်သံအနှေးပြကွက်များ ပြန်ကြည့်ကာ အရေးယူမည် ဖြစ်သည်။

အဂူရို၏ တံတောင်ဖြင့်တွတ်မှုမှာ ဝင်စတန်ရိဒ်၏မျက်နှာကို သေချာထိခိုက်ခြင်းမရှိခဲ့သော်လည်း အနည်းငယ်ထိခိုက်မှုတော့ ရှိခဲ့သည်။ အဂူရိုအနေဖြင့် သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပါက မန်ယူ၊ ဘုန်းမောက်တို့နှင့်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲနှင့် ဆွမ်ဆီးနှင့် ကစားရမည့် EFL Cup ပွဲစဉ်များကို လွဲချော်မည် ဖြစ်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကမူ အဆိုပါအဖြစ်အပျက်ကို မတွေ့မြင်ကြောင်း ပြောဆိုခဲ့သည်။ ‘ ဒီအဖြစ်အပျက် မဖြစ်ခဲ့ဖူးလို့ မျှော်လင့်ပါတယ်။ တကယ်လို့ ဖြစ်ခဲ့တယ်ဆိုရင်လည်း ဒါကို လက်ခံသွားမှာပါ။ အဂူရိုကို ဆုံးရှုံးရမယ်ဆိုတော့လည်း ဆုံးရှုံးရတာပေါ့’ ဟု ဂွါဒီယိုလာက ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required