ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ အဌားယာဉ် စင်္ကာပူမှာ ပြေးဆွဲ

ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ အဌားယာဉ် စင်္ကာပူမှာ ပြေးဆွဲ
(ဓာတ်ပုံ - အီးပီအေ၊ နပ်တိုနိုမီ)

အမေရိကန် ကုမ္ပဏီ နပ်တိုနိုမီက စင်္ကာပူမှာ မောင်းသူမဲ့ အဌားယာဉ်ကို စတင်ပြသလိုက်ပါတယ်။

နပ်တိုနိုမီက ၎င်းတို့ရဲ့ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ အဌားယာဉ်ကို စင်္ကပူမှာ တရားဝင် မိတ်ဆက်ခဲ့ပြီး ခရီးသည်များအနေနဲ့ ကားဌားရမ်းမယ်ဆိုရင်တော့ စမတ်ဖုန်း app တစ်ခုကို အသုံးပြုရမှာဖြစ်ပါတယ်။

မောင်းသူမဲ့ အဌားယာဉ်ရဲ့ စနစ်တစ်စုံတစ်ရာ ချွတ်ယွင်းမှုရှိခဲ့ရင် ထိန်းကြောင်းပေးဖို့ ခရီးသည်များနဲ့အတူ နပ်တိုနိုမီကုမ္ပဏီရဲ့ အင်ဂျင်နီယာ တစ်ဦး လိုက်ပါမှာဖြစ်ပါတယ်။

အမေရိကန်ရှိ အူဘာ၊ ဂူးဂဲလ်၊ Tesla နှင့်အခြား ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဒီစနစ်ကို ကောင်းမွန်တိုးတက်အောင် စမ်းသပ် ကြိုးစားနေချိန်မှာ မောင်းသူမဲ့ အဌားယာဉ်စနစ် ဈေးကွက်မှာ သုံးနှစ်သက်တမ်းပဲရှိသေးတဲ့ ကုမ္ပဏီပေါက်စ နပ်တိုနိုမီက အခုလို စတင်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

Ref; EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required