Amazing City ပရိုဂရမ်အတွက် မိုးစက်ဝိုင် ကရင်နှင့် မွန်ပြည်နယ်တို့တွင် သွားရောက် ရိုက်ကူးမည်

Amazing City ပရိုဂရမ်အတွက် မိုးစက်ဝိုင် ကရင်နှင့် မွန်ပြည်နယ်တို့တွင် သွားရောက် ရိုက်ကူးမည်

အလှမယ် မိုးစက်ဝိုင် ပါဝင်သည့် Amazing City ပရိုဂရမ် ရိုက်ကူးရန် ဇူလိုင်လကုန်တွင် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် သို့ သွားရောက်မည် ဖြစ်ကြောင်း  မိုးစက်ဝိုင်က မဇ္ဈိမကို ပြောသည်။

ကရင်နှင့် မွန်ပြည်နယ်တွင် ရှိသည့် တိမ်မြုပ် ပျောက်ကွယ်နေသည့် အရာများ ၊ ထိုပြည်နယ်များ၏ ရိုးရာဓလေ့များ ၊ အလှအပများ ကိုသွားရောက် ရိုက်ကူးမည်ဟုလည်း ၎င်းက ဆိုသည်။

အလှမယ် မိုးစက်ဝိုင် က  "ဒီအစီအစဉ်က မိုးစက် အိပ်မက်ထဲက တစ်ခု ပေါ့။ ခရီးသွားရတာ မိုးစက်ရဲ့ ဝါသနာလည်း ဖြစ်တယ်။ ပထမဆုံး အစီအစဉ် တုန်းကတော့ အဝတ်အစားပိုင်းကို ဒီဇိုင်နာနဲ့ စီစဉ်တယ်။ ဒါပေမယ့် ဒီနောက်ပိုင်း ကျတော့ လိုကေး ရှင်း နဲ့ လိုက်မယ့် အဝတ်အစားကို ရွေးချယ်ပြီး ဝတ်ဖြစ် ပါတယ်။ အခု တစ်ခေါက်မှာ မိုးစက် အပါအဝင် သရုပ် ဆောင် တစ်ဦးလည်း ပါအုံးမယ်။ ဘယ်သူဆိုတာကတော့ Surprise ပေါ့နော်" ဟု ပြော သည်။  

Amazing Cities (Season 2) ပရိုဂရမ် အတွက် ရိုက်ကူးရေးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် စတုန်းမြို့ တို့တွင် သွားရောက် ရိုက်ကူး ထားပြီး ၎င်းမြို့များ၏ လူသိနည်းသည့် နေရာများကို ၁၀ရက်ကြာ သွားရောက် ရိုက်ကူး ခဲ့ခြင်းဖြစ်သည်။

Amazing Cities (Season 2) ပရိုဂရမ်ကို ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးပြီး မိုးစက်ဝိုင်က အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင် ထားသည်။

Amazing Cities အစီအစဉ်သည် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လူမျိုးစုများ အားလုံး၏ ရိုးရာ ဓလေ့ စရိုက် များ၊ ကိုးကွယ် ယုံကြည်မှုများ၊ ဒေသဆိုင်ရာ လုပ်ငန်း ဆောင်တာများနှင့် ချစ်စရာ လူနေမှု ဘဝများကို ပွဲတော် ရာသီများ အလိုက် စီစဉ် တင်ပြလျက်ရှိသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် စတုန်းမြို့ တို့တွင် သွားရောက် ရိုက်ကူး ခဲ့သည့် Amazing Cities (Season 2) ကို ယခင် အစီအစဉ်လို ခရီးသွား ပုံစံမျိုး ရိုက်ကူး ထားခြင်း မဟုတ်ဘဲ ဇာတ်လမ်း Story ပုံစံမျိုး ရိုက်ကူးထားခြင်းဖြစ်သည်။

Amazing Cities (Season 2) ပရိုဂရမ်ကို ဇူလိုင် ၁ရက်မှ စတင်ကာ မြဝတီရုပ်မြင်သံကြားတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ည ၆ နာရီ သတင်း ပြီးချိန် ၌ ပြသလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly