ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် အီဘရာဟီမိုဗစ်နှင့် ပြိုင်ဆိုင်နေခြင်းမဟုတ်ဟု အဂူရိုပြော

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် အီဘရာဟီမိုဗစ်နှင့် ပြိုင်ဆိုင်နေခြင်းမဟုတ်ဟု အဂူရိုပြော

သြဂုတ် ၂၈၊ မန်ချက်စတာ။           ။ ပရီးမီးယားလိဂ်ရာသီအစပိုင်းခြေစွမ်းအပေါ် ကျေနပ်နေသည့် အဂူရိုက ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် အီဘရာဟီမိုဗစ်နှင့် ပြိုင်ဆိုင်နေခြင်းမဟုတ်ဟု ပြောသည်။

အီဘရာဟီမိုဗစ်သည် ဟားလ်စီးတီးကို ၁-၀ ဖြင့်နိုင်သည့်ပွဲတွင် ဂိုးသွင်းနိုင်ခြင်းမရှိခဲ့သော်လည်း မန်ချက်စတာယူနိုက်တက်၏ အဖွင့်ပွဲနှစ်ပွဲတွင် သုံးဂိုးသွင်းနိုင်ခဲ့သည်။

အဂူရိုသည်လည်း ဝက်စ်ဟမ်းအသင်းနှင့်ကစားရခြင်းမရှိသေးချိန်တွင် မန်ချက်စတာစီးတီးအသင်းအတွက် သုံးဂိုးသွင်းယူပေး ထားသည်။

သို့သော်ပြီးခဲ့သည့်ရာသီက ဒုတိယဂိုးအများဆုံးသွင်းသူဖြစ်ခဲ့သော အာဂျင်တိုင်းတိုက်စစ်မှူးက ၎င်းအနေဖြင့် ဆွီဒင်တိုက်စစ်မှူး နှင့် ပြိုင်ဆိုင်သွားမည်မဟုတ်ဟု ပြောသည်။

“ကျွန်တော်တို့နှစ်ယောက်စလုံးဂိုးတွေသွင်းပြီး ပုံစံကောင်းနဲ့စတင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့သူနဲ့ပြိုင်ဆိုင်ဖို့ကို ကျွန်တော်မစဉ်းစား ပါဘူး။ ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့ပဲကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းအောင်ကစားနိုင်ခဲ့ရင် ကစားသမားတစ်ယောက်အဖြစ်နဲ့တိုးတက်လာမှာပါ။ အဲဒါက ကျွန်တော့် ရည်မှန်းချက်ဖြစ်ပြီး အသင်းအတွက်လည်းအကျိုးရှိမှာပါ။

တစ်နှစ်ပြီးတစ်နှစ်ပိုကောင်းလာဖို့ကိုပဲ ကျွန်တော်အမြဲရည်မှန်းပါတယ်။ အသင်းနဲ့ပတ်သက်လိုတော့ မန်ချက်စတာစီးတီးအသင်း နှစ်တိုင်း ဖလားရနိုင်ဖို့ပေါ့။ အဓိကကတော့ ချန်ပီယံလိဂ်မှာအောင်မြင်ဖို့၊ အဲဒီနောက်ပရီးမီးယားလိဂ်နဲ့ တခြားဆုဖလားတွေမှာ အောင်မြင်ဖို့ပါပဲ”ဟု အဂူရိုက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required