အက်သလက်တီကို အသင်းတိုးတက်မှုမရှိလျှင် တန်းဆင်းအန္တရာယ်ရှိဟု ဂရစ်ဇ်မန်းသတိပေး

အက်သလက်တီကို အသင်းတိုးတက်မှုမရှိလျှင် တန်းဆင်းအန္တရာယ်ရှိဟု ဂရစ်ဇ်မန်းသတိပေး

သြဂုတ် ၂၈၊ မက်ဒရစ်။                ။ အက်သလက်တီကိုအသင်းအနေဖြင့် အလျှင်အမြန်တိုးတက်လာခြင်းမရှိလျှင် တန်းမဆင်းရရန်ရုန်းကန်ရသည့် အခြေအနေသို့ ရောက်သွားနိုင်သည်ဟု အသင်းဖော်များကို ဂရစ်ဇ်မန်းကသတိပေးပြောဆိုလိုက်သည်။

ဆီမြွန်နီ၏ အက်သလက်တီကိုအသင်းမှာ လာလီဂါရာသီအစပိုင်းတွင် ဒုတိယမြောက်သရေပွဲအဖြစ် တန်းတက် လီဂါနက်စ်နှင့် ဂိုးမရှိသရေကျခဲ့သည်။

ယင်းပွဲစဉ်တွင် ယခုနှစ်အတွက် ပထမဆုံးလာလီဂါပွဲကစားခဲ့သည့် ဂရစ်ဇ်မန်းက အက်သလက်တီကိုအသင်းအလျှင်အမြန် တိုးတက်ရန်လိုနေသည်ဟု ပြောသည်။

“ကျွန်တော်တို့ဒီအတိုင်းဆက်သွားနေရင် တန်းမဆင်းရဖို့ရုန်းကန်ရလိမ့်မယ်။ ကျွန်တော်တို့နိုင်ပွဲမရသေးလို့ စိတ်တိုနေကြတယ်။ ကျွန်တော်တို့ကိုယ်တိုင်ပဲ စတင်ကြရမယ်”ဟု ဂရစ်ဇ်မန်းက ပြောသည်။

ဂရစ်ဇ်မန်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် သွင်းဂိုးခြောက်ဂိုးဖြင့်ရွှေဖိနပ်ဆုရပြီးနောက် အနားယူနေခဲ့ရာမှ အက်သလက်တီကို အသင်းနှင့်ပြန်လည်ပါဝင်လာခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးက ၎င်း၏အကောင်းဆုံးပုံစံပြန်လည်ရရှိရန်အတွက်လည်း ပြင်းပြင်းထန်ထန်ကြိုးစားနေသည် ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required