ပြန်ကြားရေးပိုင် ရုပ်သံလိုင်း ၅ ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားမည်

ပြန်ကြားရေးပိုင် ရုပ်သံလိုင်း ၅ ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားမည်

ရန်ကုန်၊ သြဂုတ် ၂၆ ။             ။ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် ရုပ်သံလိုင်း ၅ ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ချပေးမည် ဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနမှ သိရသည်။

သြဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ရုပ်သံလွှင့် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်သံလွှင့် လုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသူများနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲတွင်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) က ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

" multi play system ထဲမှာ ရှိနေတဲ့ ချန်နယ်တွေကို နဂိုရှိနေတဲ့ ချန်နယ်သုံးခုရယ် ၊ နောက်ထပ်လုပ်တဲ့ ချန်နယ် နှစ်ခု ရယ်၊ ပေါင်း ၅ ခုကို Content Provider တွေအဖြစ် ချပေးမှာပါ" ဟု ဦးမျိုးမြင့်အောင်က ပြောသည်။

ရုပ်သံလုပ်ငန်းကို လုပ်ကိုင်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို Content Provider အဖြစ် ရုပ်သံလိုင်း ၅ ခု ချထားပေး သွားမည်ဖြစ်ပြီး MRTV ပိုင် ချန်နယ် ၁၆ ခု အနက် MRTV Sport ၊ Readers Channel နှင့် For Edu Channel တို့ အ ပြင် အသစ် ထပ်လုပ်ထားသည့် ချန်နယ်(၂)တို့ကို ချထားပေးသွားမည် ဖြစ်သည်။

ယခုချထားပေးမည့် ချန်နယ်များသည် ပြန်လည် ပြင်ဆင်ရန် ကြိုးပမ်းနေသည့် ရုပ်သံဥပဒေ မထွက်လာမီ အချိန်ကာလ အထိ လုပ်ပိုင်ခွင့် ရရှိမည်ဖြစ်ပြီး ရုပ်သံဥပဒေ ထွက်လာပါက လိုင်စင် ထပ်မံ လျှောက်ထားရမည် ဖြစ်ကြောင်း အဆိုပါပွဲ တက်ရောက်ခဲ့သူ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ဆိုသည်။

"ရုပ်သံနည်းဥပဒေတွေ ထွက်လာရင် အခု ယာယီချထားပေးမယ့် လွှင့်နေမယ့် လိုင်းတွေအနေနဲ့ ရုပ်သံဥပဒေမှာပါတဲ့ နည်းဥပဒေအတိုင်း မှတ်ပုံတင်ရမယ်"ဟု ဦးမြင့်ကျော်က ပြောသည်။

ရုပ်သံလိုင်း တစ်ခုလျှင် ဂြိုဟ်တုဆက်ကြောင်း ငှားရမ်းခ နှင့် ထုတ်လွှင့်စက်များ တပ်ဆင်ခြင်း တို့အတွက် ကနဦး ကုန် ကျငွေ ကျပ် သိန်း ၉၀၀ကျော် ကျသင့်မည်ဖြစ်ပြီး ၊ ထုတ်လွှင့်ခွင့် ရသည့် ချန်နယ်များသည် တစ်လ လျှင် သိန်း၂၀၀ နှုန်းဖြင့် MRTV သို့ ထုတ်လွှင့်ခ ပေးရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နှစ်စဉ်ကြေးအနေဖြင့် Transformer ငှားရမ်းခ ချန်နယ်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၄၀၀ ပေးချေရ မည် ဖြစ်သည်။

လျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် တင်ဒါရွေးချယ်မည့် အကြံပေးကုမ္ပဏီ အဖြစ်ငှားရမ်းထားသည့် Tun Group Asia ထံတွင် လျှောက်လွှာထုတ်ယူရမည် ဖြစ်ပြီး လျှောက်လွှာပိတ်ရက်မှာ စက်တင်ဘာ ၂၂ ရက်နေ့ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းရှင်များ ထုတ်လွှင့်လိုသည့် ရုပ်သံအမျိုးအစားကို လျှောက်လွှာတွင် ထည့်သွင်း လျှောက်ထားရမည်ဖြစ်ပြီး လွတ် လပ်စွာ ထုတ်လွှင့်ခွင့် ရမည်ဖြစ်သော်လည်း အရက် ဘီယာ ကြေညာ ထည့်သွင်းခွင့် မရှိသည့် စည်းကမ်းများကို လိုက် နာရမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required