ရိုမက်နိုလီအတွက် ချယ်လ်ဆီး၏ ကမ်းလှမ်းမှုကို အေစီမီလန်အသင်းပယ်ချ

ရိုမက်နိုလီအတွက် ချယ်လ်ဆီး၏ ကမ်းလှမ်းမှုကို အေစီမီလန်အသင်းပယ်ချ

သြဂုတ် ၂၆၊ မီလန်။             ။ နောက်ခံလူ ရိုမက်နိုလီအတွက် ချယ်လ်ဆီးအသင်း၏ ကမ်းလှမ်းမှုကို အေစီမီလန်အသင်းက ပယ်ချလိုက်ပြီး ရောင်းမည်မဟုတ် ဟု တုန့်ပြန်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အသက် ၂၁ နှစ်အရွယ်ကစားသမားအတွက် ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းခဲ့သည်ဟု သတင်းများက ဖော်ပြထားသည်။

အီတလီယူ-၂၁ လက်ရွေးစင် ရိုမက်နိုလီသည် ပြီးခဲ့သည့်နွေရာသီက ရိုးမားအသင်းမှ အေစီမီလန်သို့ ပေါင် ၂၁ ဒသမ ၂၅ သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

“ကစားသမားကိုရောင်းမှာမဟုတ်လို့ ဆွေးနွေးမှုတွေလည်း ဆက်မလုပ်ပါဘူး”ဟု အေစီမီလန်အသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရိုမက်နိုလီသည် အသက် ၁၇ နှစ်အရွယ်တွင် စီးရီးအေပွဲစဉ်များစတင်ကစားခဲ့ပြီး ရိုးမား၊ အေစီမီလန်နှင့် ဆမ်ဒိုးရီးယား အသင်းတို့တွင် ပွဲပေါင်း ၇၇ ပွဲကစားထားသည်။

ဂျူဗင်တပ်နှင့် အီတလီနည်းပြဟောင်းဖြစ်သူ ချယ်လ်ဆီးနည်းပြကွန်တီသည် နွေရာသီအပြောင်းအရွှေ့အတွင်း လက်စတာ ကွင်းလယ်လူကန်တီနှင့် မာဆေးတိုက်စစ်မှူး ဘက်ချွေယီတို့ကို ခေါ်ယူထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags