အခွန်ငွေများထဲမှ ပြည်ထောင်စုအစိုးရသတ်မှတ်သည့် နှုန်းအတိုင်း တိုင်းဒေသကြီး နှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေရရှိမည်

အခွန်ငွေများထဲမှ ပြည်ထောင်စုအစိုးရသတ်မှတ်သည့် နှုန်းအတိုင်း တိုင်းဒေသကြီး နှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေရရှိမည်

နေပြည်တော်၊ သြဂုတ် ၂၅ ။            ။ လွှတ်တော်မှအတည်ပြုလိုက်သည့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ကောက်ခံရရှိသည့် အခွန်ငွေများထဲမှ   ပြည်ထောင်စုအစိုးရအဖွဲ့သတ်မှတ်ပေးသည့် နှုန်းထားအတိုင်း တိုင်းဒေသကြီး ပြည်နယ် ဘဏ္ဍာငွေ ရရှိမည် ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူပုဂ္ဂိုလ်တစ်ဦးချင်းထံမှ ကောက်ခံရရှိသည့် အခွန်ငွေများထဲမှ ပြည်ထောင်စု အစိုးရအဖွဲ့က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သတ်မှတ်ပေးသော ရာခိုင်နှုန်းအချိုးအတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့လွှဲပြောင်းပေးသွင်းနိုင်သည် ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြင် ဆင်မှုအပေါ် လွှတ်တော်က အတည်ပြုခဲ့သည်။

မူလဝင်ငွေခွန် ဥပဒေတွင် မြို့နယ်အလိုက် ပုဂ္ဂိုလ်တစ်ဦးချင်းထံမှ ကောက်ခံရရှိသည့် အခွန်အနက် ကျပ်ငွေဖြင့် ကောက်ခံရငွေကို ပြည်ထောင်စုအစိုးရအဖွဲ့က မြို့နယ်အလိုက် သတ်မှတ်သော ရာခိုင်နှုန်း အချိုးအတိုင်း သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေသို့လွှဲပြောင်းပေးသွင်းနိုင်သည်ဟု ပြဌာန်းထားမှုအပေါ် ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် ဥပဒေကြမ်းကော်မတီက ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ကတင်သွင်းထားသည့် မူလဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ်တွင် ပြည် ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက အထူးစီးပွားရေးဇုန်ဆိုင်ရာဥပဒေ တစ်ရပ်ရပ် နှင့် အဆောင်အ ယောင်များဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တို့တွင် ဝင်ငွေခွန် နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်များရရှိစေသည့် ဥပဒေပြ ဌာန်းချက်များမှအပ အခြားဥပဒေတစ်ရပ်ရပ်တွင် ဝင်ငွေခွန် နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်ကို မည်သို့ပင် ပြဌာန်း ပါရှိစေကာမူ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ နှင့် ဝင်ငွေခွန် ဥပဒေပါပြဌာန်းချက်အတိုင်းသာ လိုက်နာဆောင် ရွက်ရမည်ဟု ဥပဒေကြမ်းကော်မတီက ပြင်ဆင်ခဲ့သည် ။

ဝင်ငွေခွန်ဥပဒေအရ မိမိဖြစ်ထွန်းရရှိသည့် ဝင်ငွေအပေါ် ကျသင့်အခွန်ငွေကို ကိုယ်တိုင်တွက်ချက် စည်းကြပ်ပေးဆောင် စေရန် ခွင့်ပြုထားသူ ဆိုသည့်အစား ဖြစ်ထွန်းရရှိသည့် မိမိ၏ ဝင်ငွေအပေါ် ကျသင့်အခွန်ကို ကိုယ်တိုင်တွက်ချက် စည်း ကြပ် ပေးဆောင်စေရန် ဤဥပဒေအရ ခွင့်ပြုထားသူဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်မှုအပေါ် လွှတ်တော်က အတည်ပြုသည် ။

၂၀၁၆ -၂၀၁၇ ဝင်ငွေနှစ်မှ စတင်၍ အကျိုးသက်ရောက်မည့် ပြည်ထောင်စုအစိုးရက တင်သွင်းထားသည့် ဝင်ငွေခွန် ဥ ပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက် ၈ ချက်ဖြင့် သြဂုတ်လ ၂၅ ရက် နေ့ တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင် း ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly