ဇူလိုင်လအတွက်ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်း ဂူအမ်အောက်ရောက်ရှိ

ဇူလိုင်လအတွက်ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်း ဂူအမ်အောက်ရောက်ရှိ
ကမ္ဘာ့အဆင့် ၁၆၂တွင်ရပ်တည်နေသည့် မြန်မာအသင်း။(ဓာတ်ပုံ- MFF)

ဇူလိုင် ၁၁၊ ရန်ကုန်။     ။ ဇူလိုင်လအတွက်ထုတ်ပြန်ခဲ့သော ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင်မြန်မာအသင်းမှာ အဆင့် ၁၉ဆင့်အထိ ပြုတ်ကျခဲ့ပြီး ဇွန်လအဆင့် ၁၄၃မှ ၁၆၂ သို့ရောက်ရှိခဲ့သည်။

လက်ရွေးစင်အသင်းရလဒ်များအပေါ်သာအခြေခံတွက်ချက်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း၏ လက်ရှိ ရပ်တည်မှုမှာ အဆင့် ၂၀ခုန်တက်ခဲ့သည့် ဂူအမ်အသင်းအောက်ရောက်ရှိနေသည်။

ဖီဖာမှထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ မြန်မာအသင်းမှာ အာဆီယံတွင်လည်း အဆင့် ၃ နေရာမှ အဆင့် ၅ နေရာသို့ကျဆင်းခဲ့သည်။

မြန်မာအသင်းအတွက်အဆိုးရွားဆုံးကမ္ဘာ့အဆင့်သတ်မှတ်ချတ်မှာ ၂၀၁၂ခုနှစ်ကရပ်တည်မှုဖြစ်ပြီး အဆင့် ၁၈၄တွင်သာ ရပ်တည်နိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းမှာ ဇွန်လအတွင်းက ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲနှင့် ခြေစမ်းပွဲတစ်ပွဲယှဉ်ပြိုင်ကစားခဲ့ရာတွင် ကမ္ဘောဒီးယားကို ၁-၀ ဂိုး၊ တောင်ကိုရီးယားကို ၂-ဝဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့ပြီး လာအိုအသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့သည်။

အာဆီယံတွင် ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် ၁၂၄ဖြင့် ပထမ၊ ထိုင်းက ကမ္ဘာ့အဆင့် ၁၄၀ဖြင့် ဒုတိယ၊ ဗီယက်နမ်က ကမ္ဘာ့အဆင့် ၁၄၃ဖြင့် တတိယနေရာ များတွင်အသီးသီးရပ်တည်နေသည်။

အာဆီယံထိပ်သီး ငါးသင်း ရပ်တည်မှု

စဉ်        အသင်း        ကမ္ဘာ့အဆင့်
၁။        ဖိလစ်ပိုင်        ၁၂၄
၂။        ထိုင်း             ၁၄၀
၃။        ဗီယက်နမ်       ၁၄၃
၄။        စင်ကာပူ         ၁၅၀
၅။        မြန်မာ            ၁၆၂

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required