သာသနာရေးနင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ပုဂံဒေသရှိစေတီများ ပြုုပြင်မွမ်းမံရေး သွားရောက်ဆွေးနွေး

သာသနာရေးနင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ပုဂံဒေသရှိစေတီများ ပြုုပြင်မွမ်းမံရေး သွားရောက်ဆွေးနွေး
ဓာတ်ပုံ-အီးပီအေ
 

ရန်ကုန်၊ သြဂုတ် ၂၅ ။             ။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော ရှေးဟောင်းစေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သြဂုတ်လ ၂၅ ရက် တွင် ပုဂံမြို့သို့ရောက်ရှိလာပြီး ပုဂံငလျင် ဘေး ကိစ္စများအတွက် ဆွေးနွေးတိုင်ပင်နေသည်ဟု ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ (ယဉ်ကျေး မှု) ဒုညွှန်မှူး ဦးအာကာကျော်က ပြောသည်။

“ သက်ဆိုင်ရာတိုင်းဒေသကြီးက တာဝန်ရှိသူတွေ ၊ ဌာ နဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေ ယူနက်စကိုက အဖွဲ့တွေ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်က အင်ဂျင်နီယာတွေ၊ ဆွေးနွေးနေကြပါတယ် ပြန်လည်ပြင်ဆင်ထိန်း သိမ်းဖို့အတွက်ကို အသေးစိတ်ဆွေးနွေးနေကြပါတယ် “ ဟု ၎င်းက ပြောသည်။

သာသနာရေးနင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကမှ အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဗိသုကာ သမား ပညာရှင် တို့ ပုဂံဒေသတွင် တွေ့ဆုံဆွေးနွေးနေကြခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုး ၁၈၇ ဆူကို အလျင်စလို မပြုပြင်ရန်၊ ယူနက်စကို၏ နည်းပညာ အကူအညီဖြင့် Work Plan ပြုလုပ်၍ သေ ချာ စီမံရန် မှာကြားထားသည်” ဟု ရေးသားထားသည်။

ပုဂံယဉ်ကျေးမှု ဒေသသည် ဧရိယာကျယ်ပြီး အရေတွက် များသည့်အတွက် စနစ်တကျ အဖွဲ့များဖွဲ့စည်းကာ လိုအပ်ချက် များကို အသေးစိတ်မှတ်တမ်းတင် တွက်ချက်ဆောင်ရွက်ရမည် ဟု ဦးအာကာကျော်ကပြောသည်။

သြဂုတ်လ ၂၄ရက်တွင် ညနေ ၅နာရီ ခန့်တွင် အင်အား ၆.၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ရှေးဟောင်းစေတီ ပု ထိုးများ ၁၈၄ ဆူ ထိခိုက်ခဲ့ ပြီး သာသနာရေးနင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကိုယ်တိုင် စေတီများ ပြန်လည်မွမ်းမံရေးအတွက် သွားရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required