မန်စီးတီးအသင်းနှင့် ဆေးစစ်မှုခံရန် ဘာစီလိုနာကစားသမား ဘရာဗိုရောက်ရှိနေ

မန်စီးတီးအသင်းနှင့် ဆေးစစ်မှုခံရန် ဘာစီလိုနာကစားသမား ဘရာဗိုရောက်ရှိနေ

သြဂုတ် ၂၄၊ မန်ချက်စတာ။          ။ ဘာစီလိုနာဂိုးသမား ကလော်ဒီယို ဘရာဗိုသည် မန်ချက်စတာစီးတီးအသင်းနှင့် ဆေးစစ်မှုခံယူရန် မန်ချက်စတာမြို့သို့ ရောက်နေသည်။

အသက် ၃၃ နှစ်အရွယ်ရှိ ချီလီလက်ရွေးစင်ဂိုးသမားသည် အင်္ဂါနေ့ နေ့လယ်ပိုင်းက မန်ချက်စတာမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ် သည်။

စီးတီးနည်းပြဂွာဒီယိုလာက “လူတိုင်းသိနေတဲ့ကိစ္စကို ကျွန်တော်မငြင်းနိုင်ပါဘူး။ စာချုပ်ကတော့ အပြီးမသတ်သေးဘူး။ လက်ရှိမှာ ကျွန်တော်တို့ရဲ့ကစားသမားမဖြစ်သေးတဲ့သူအကြောင်းကို နောက်မှပဲပြောပြပါမယ်”ဟု ပြောသည်။

မန်စီးတီးဂိုးသမားဖြစ်သူ ဂျိုးဟတ်သည် စတူအာဘူခါရက်စ်နှင့် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ခြေစစ်ပွဲဒု-ကျော့မတိုင်မီအထိ အသင်းတွင်ပွဲထွက်ခွင့်ပျောက်နေသည်။

ဘရာဗိုကိုခေါ်ယူရန်အခြေအနေတိုးတက်မှုတစ်စုံတရာကို စီးတီးအသင်းက မှတ်ချက်ပေးခြင်းမရှိသေးသော်လည်း ဂိုးသမားဖြစ်သူကမူ ၎င်းအနေဖြင့် ဘာစီလိုနာမှထွက်ခွာနိုင်သည်ဟု ပြောထားသည်။

ဘရာဗိုရောက်လာခဲ့ပါက ဂျိုးဟတ်သည် အပြောင်းအရွှေ့ဈေးကွက်ပိတ်မည့် သြဂုတ် ၃၁ မတိုင်မီ အသင်းပြောင်းသွားနိုင်သည် ဟု မျှော်လင့်ရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required