ကမ္ဘာ့အကြီးဆုံးပုလဲအား ဖိလစ်ပိုင်တွင် တွေ့ရှိ

ကမ္ဘာ့အကြီးဆုံးပုလဲအား ဖိလစ်ပိုင်တွင် တွေ့ရှိ

မနီလာ၊ သြဂုတ် ၂၄ ။              ။ တွေ့ရှိထားသည့် အလေးချိန် ၃၄ ကီလိုဂရမ်ရှိသော သဘာဝပုလဲကြီးက ကမ္ဘာ့တွင် အကြီးဆုံး ပုလဲဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက လက်ခံယူဆထားသည်။

ထိုပုလဲကြီးအား တံငါသည်တစ်ဦးက လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက တွေ့ရှိခြင်းဖြစ်ပြီး တန်ဖိုးကို မသိဘဲ ကံကောင်းစေသည့် အဆောင်အဖြစ် ဆောင်ထားခြင်းဖြစ်ကြောင်း တာဝန်ရှိသူ အမ်မူရာအိုက ပြောသည်။

“ဒီပုလဲကို သူက ကျွန်တော်တို့ကို ထုတ်ပြတော့ အံ့အားတောင် သင့်သွားရတယ်။”ဟု ၎င်းက ဌာနေမီဒီယာသို့ ပြောသည်။

လက်ရှိတွင် အဆိုပါ ပုလဲကြီးက ကမ္ဘာ့အကြီးဆုံးပုလဲဖြစ်မဖြစ် ပညာရှင်များ၏ အတည်ပြုချက်ကို စောင့်နေခြင်းဖြစ်သည်။

ပုလဲကြီးမှာ လုံးပတ် ၆၁ စင်တီမီတာနှင့် အရှည် ၃၁ စင်တာမီတာရှိသည်။ လက်ရှိအကြီးဆုံးပုလဲအဖြစ် စံချိန်တင်ထားသည့် Lao Tzu ပုလဲမှာ အလေးချိန်အားဖြင့် ၆ ဒဿမ ၄ ကီလိုဂရမ်သာ ရှိထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required