ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အသစ်ရွေးချယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အသစ်ရွေးချယ်
(ဓာတ်ပုံ- Ohn Myint ဖေ့စ်ဘွတ်မှ)

ရန်ကုန်၊ သြဂုတ် ၂၃ ။               ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို ပါတီညီလာခံ ဒုတိယနေ့တွင် ပြောင်းလည်းခန့်အပ်လိုက်ကြောင်း သိရသည်။

သြဂုတ်လ ၂၃ရက်နေ့ ပါတီ ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေး၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်းနှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် ဦးသက်နိုင်ဝင်းတို့အား ခန့်အပ်တာဝန်ပေးလိုက်ပြီး အတွင်းရေးမှူးများအဖြစ် ဦးပိုက်ထွေး၊ ဦးသန်ထွန်း၊ ဦးကျော် ကျော်ဌေး၊ ဦးတင်အောင်ချစ်၊ ဒေါက်တာဒေါ်စန်းစန်းနွယ်တို့ကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ထို့ပြင် ဦးခင်ရီအား ပါတီ၏ စည်းကမ်းထိမ်းအဖြစ်နှင့် ဦးစိုးနိုင်အား လုပ်ငန်းစစ် အဖြစ် အသစ်ရွေးခြယ်လိုက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ယခင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းမြင့်က သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအား ပါတီမှထုတ်ပယ်ကာ ပါတီဥက္ကဋ္ဌ နေရာတွင် သမ္မတဟောင်းဦးသိန်းစိန်က ပြန်လည်ရယူခဲ့ပြီး ယခုပါတီ ဒုတိယညီလာခံတွင် ထိပ်ပိုင်းခေါင်းဆောင်များကို အသစ်ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly