ဘော့ဝစ်ဂျက်ဆင် နှင့် အိုလာဂျွန်တို့ကို တစ်ရာသီအငှားဖြင့် ဝုဗ်ခေါ်ယူ

ဘော့ဝစ်ဂျက်ဆင် နှင့် အိုလာဂျွန်တို့ကို တစ်ရာသီအငှားဖြင့် ဝုဗ်ခေါ်ယူ

သြဂုတ် ၂၃၊ ဝုဗာဟမ်တန် ။              ။ ဝုဗာဟမ်တန်ဝမ်းဒါးရာစ်အသင်းသည် မန်ယူအသင်းမှ ကင်မရွန်းနောက်ခံလူ ဘော့ဝစ်ဂျက်ဆင်နှင့် ဘင်ဖီကာတိုက်စစ်မှူး အိုလာဂျွန်တို့ကို တစ်ရာသီအငှား စာချုပ်ဖြင့်ခေါ်ယူလိုက်သည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဘော့ဝစ်ဂျက်ဆင်သည် မန်ယူအသင်းတွင်လေ့ကျင့်ခန်းဆင်းသူအဖြစ် ကစားသမားဘဝစတင်ခဲ့ပြီး အသင်းကြီးနှင့် ၁၄ ပွဲကစားခွင့်ရခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် အိုလာဂျွန်သည် ၂၀၁၂ တွင်နယ်သာလန်ကလပ် အက်ဖ်စီတွမ်တီးအသင်းမှ ဘင်ဖီကာသို့ပြောင်းရွှေ့ခဲ့ပြီး ယမန်နှစ်က ရီးဒင်းအသင်းတွင် အငှားဖြင့်ကစားခဲ့သည်။ ၂၀၁၄ ရာသီကလည်း ဘွန်ဒက်စ်လီဂါ ကလပ် ဟမ်းဘတ်တွင် ကစားခဲ့သေးသည်။

အင်္ဂလန်ယူ-၁၉ လက်ရွေးစင်ဟောင်း ဘော့ဝစ်ဂျက်ဆင်သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ပွဲထွက်ခွင့်ရခဲ့သည်။

“ကျွန်တော့်ရည်မှန်းချက်ကတော့ ပွဲကစားနိုင်သမျှကစားပြီး အတွေ့အကြုံတွေရလာတဲ့အခါ အသင်းကိုပြန်သွားပြီး ကိုယ့်နေရာ အတွက် တိုက်ပွဲဝင်ဖို့ပါ။ မော်ရင်ဟိုကလည်း အသင်းမှာ ကျွန်တော့်အနာဂါတ်ရှိသေးတယ်လို့ ပြောထားပါတယ်။

ကျွန်တော့်ကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ကလပ်တချို့က စိတ်ဝင်စားခဲ့ပေမယ့် ဒီအသင်း ပရီးမီးယားလိဂ်ကိုတန်းတက်ဖို့ ကြိုးစားရာမှာကူညီပေးချင်လို့ ပြောင်းလာခဲ့တာပါ” ဟု ဘော့ဝစ်ဂျက်ဆင်က ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required