အင်ဒိုနီးရှား ဘာလီကျွန်းတွင် တိုက်ခိုက်မှုများလုပ်မည့် သတင်း ရထား၍ လုံခြံုရေးမြှင့်ထား

အင်ဒိုနီးရှား ဘာလီကျွန်းတွင် တိုက်ခိုက်မှုများလုပ်မည့် သတင်း ရထား၍ လုံခြံုရေးမြှင့်ထား

ဘာလီ၊ သြဂုတ် ၂၃ ။           ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တိုက်ခိုက်မှုများလုပ်ဆောင်မည် သတင်းရထား၍ အာဏာပိုင်များက လုံခြုံရေးမြှင့်တင်ထားသည်။

“အကြမ်းဖက်မှုနဲ့ ဖမ်းမိထားသူတစ်ယောက်ထံက သိရတာ ဘာလီအပန်းဖြေကျွန်းမှာ အကြမ်းဖက်မှုလုပ်ဆောင်ဖို့ စီစဉ်ထားတယ်ဆိုတာပဲ။ ဒါကြောင့် ဘာလီကျွန်း အဝင်တိုင်းမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်။”ဟု ပြည်နယ်ရဲအကြီးအကဲ ပရီယန်တိုက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သံသယရှိဖွယ် တစ်ဦးကို ဖမ်းထားပြီး ဘာလီကျွန်း၌ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကြံစည်ထားမှုအပေါ် စစ်မေးနေကြောင်း အကြမ်းဖက် တိုက်ဖျက်ရေးရဲဌာနက ပြောသည်။

သံသယရှိသူ အိမ်တွင်း စီးနင်းရာ၌ ဗုံးနှင့် ဖောက်ခွဲရေးပစ္စည်းများကိုလည်း တွေ့ရကြောင်း ရဲကပြောသည်။ “ဒီသံသယရှိတဲ့သူက ပြောတာ ဘာလီကျွန်းမှာ တိုက်ခိုက်ဖို့လုပ်နေတယ်ဆိုတာပဲ။  ဒါပေမယ့် အသေးစိတ်တော့ အချိန်အတိအကျ မသိရသေးဘူး။”ဟု အမျိုးသားရဲဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required