ရွှေပြည်သာတွင် ၂၁ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆို၍ စီတန်းလမ်းလျှောက်

ရွှေပြည်သာတွင် ၂၁ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆို၍ စီတန်းလမ်းလျှောက်

ရန်ကုန်၊ သြဂုတ် ၂၁ ။               ။ သြဂုတ်လ ၃၁ရက်နေ့တွင် ပြုလုပ်မည့် ၂၁ ရာစု ပင်လုံ ညီလာခံထောက်ခံကြိုဆိုပွဲကို သြဂုတ်လ ၂၁ရက်နေ့ နံနက် ပိုင်းက ရွှေပြည်သာမြို့နယ်တွင်  ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ထောက်ခံပွဲကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း၊ နိုင်ငံရေးပါတီဝင်များ၊ အလုပ်သမား သမဂ္ဂ၊ ကျောင်းသားသမဂ္ဂနှင့် ပြည်သူ ၁၀၀ကျော်တို့က ထန်းခြောက်ပင်မှတ်တိုင်မှ ကျောက်ခွဲစက်အနီး (၁၀) ရပ်ကွက် အားက စားကွင်းထိ စီတန်းလှည့်လည်ခဲ့ကြခြင်း ဖြစ်သည်။

၂၁ရာစု ပင်လုံညီလာခံလို အမျိုးသားပြန်လည်သင့်မြတ်ရေးညီလာခံသည် နှစ်ပေါင်းသုံးဆယ်ခန့် စောင့်ဆိုင်းခဲ့ရသည့် အတွက်ကြောင့် အလွန်အရေးကြီးသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြော သည်။

"ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပတ်ဝန်းကျင်ကြီးပျက်သွန်းသွားတာဟာ ကျွန်တော်တို့မြန်မာနိုင်ငံကြီးရေရှားတဲ့ဘေး ရေ ကြီးတဲ့ဘေး ဘေးပေါင်းစုံတွေ့နေတာတွေ အကုန်လုံးဟာ စစ်တိုက်နေတဲ့လူတွေကြောင့်လို့ ကျွန်တော် စွပ်စွဲပါတယ်။ စစ်တိုက်နေတဲ့လူတွေကြောင့်ပါ “ ဟု ၎င်းကဆိုသည်။

၂၁ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုသည့် စီတန်းလှည့်လည်ပွဲကို ဦးဆောင်သူ မောင်ဆောင်းခ က “ဘယ်လောက် ပဲ လက်နက်ကိုင်တွေ အစိုးရတွေ အချင်းချင်းလက်မှတ်တွေထိုး ဘယ်လောက်ပဲ ဆွေးနွေးနေပါ သော်ငြားလည်းဘဲ ပြည်သူတွေသာမပါဘူးဆိုရင် ဒီငြိမ်းချမ်းရေးဟာ ဘယ်တော့မှ ရေရှည်တည်တံ့ခိုင်မြဲပါမဟုတ်ပါဘူး” ဟု ပြောသည်။

ထောက်ခံပွဲပြုလုပ်နေသည့်အချိန် သြဂုတ်လ ၂၁ရက်နေ့ မနက် ၉ နာရီတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန (NRPC) ၌ ၂၁ရာ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများအစုဖွဲ့တို့ ၂၁ရာစု ညီလာခံ မူဘောင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly