တိုက်စစ်မှူးလူကာကူ အဲဗာတန်အသင်းတွင်သာ ဆက်ရှိမည်ဟု နည်းပြကိုးမန်းပြော

တိုက်စစ်မှူးလူကာကူ အဲဗာတန်အသင်းတွင်သာ ဆက်ရှိမည်ဟု နည်းပြကိုးမန်းပြော

သြဂုတ် ၂၁၊ လီဗာပူးလ်။            ။ အဲဗာတန်တိုက်စစ်မှူးလူကာကူသည် အသင်းတွင်သာ အနည်းဆုံးနောက်တစ်ရာသီဆက်ရှိဦးမည်ဟု နည်းပြရော်နယ်ကိုးမန်းက ပြောသည်။

ယင်းဘယ်လ်ဂျီယံလက်ရွးစင်တိုက်စစ်မှူးကို ချယ်လ်ဆီးအသင်းကစိတ်ဝင်စားနေပြီး အသက် ၂၃ နှစ်အရွယ်ကစားသမားမှာ အဲဗာတန်မှထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေသည်။

လူကာကူနှင့်ပတ်သက်ပြီး ကိုးမန်းက “လူတိုင်းအတွက်သတင်းကောင်းတစ်ခုဖြစ်ပါတယ်”ဟု ဝက်စ်ဘရွန်းကို ၂-၁ ဂိုးဖြင့် နိုင်သည့်ပွဲအပြီးတွင်ပြောကြားခဲ့ပြီး စာချုပ်သစ်ကမ်းလှမ်းရန်ဖြစ်နိုင်ချေရှိသည်ဟုလည်း ဆိုသည်။

လူကာကူသည် ချယ်လ်ဆီးအသင်းထံမှ ပေါင် ၂၈ သန်းဖြင့်ပြောင်းလာခြင်းမရှိမီ ၂၀၁၃-၁၄ ရာသီက အဲဗာတန်အသင်းတွင် တစ်ရာသီအငှားဖြင့်ကစားပြီး ၁၆ ဂိုးသွင်းခဲ့သည်။

အဲဗာတန်အသင်းသို့အပြီးသတ်ရောက်လာပြီးနောက် ၂၀၁၄-၁၅ ရာသီတွင် ဂိုး ၂၀နှင့် ပြီးခဲ့သည့်ရာသီတွင် ၂၅ ဂိုးသွင်းယူနိုင်ခဲ့ သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required