အီဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဆောက်သမ်တန်ကို အနိုင်ရတဲ့ မန်ယူ

အီဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဆောက်သမ်တန်ကို အနိုင်ရတဲ့ မန်ယူ
(ဓာတ်ပုံ - အီးပီအေ)

ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အိမ်ကွင်း မန်ချက်စတာယူနိုက်တက်က ဆောက်သမ်တန်ကို သက်တောင့်သက်သာနိုင်ပြီး ပရီးမီးယားလိဂ်ရာသီအစမှာ ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၂) ရဲ့ ပထမဆုံးပွဲအဖြစ် စနေနေ့ မနက်အစောပိုင်းက မန်ယူနဲ့ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူက ၄-၂-၃-၁ ကစားကွက်နဲ့ တိုက်စစ်ပိုင်းမှာ အီဘရာဟီမိုဗစ်ကို အထောင်ထားပြီး ကွင်းလယ်မှာ ပေါဂ်ဘာပါဝင် ကစားစေခဲ့ပါတယ်။ ဆောက်သမ်တန်ကတော့ ၄-၃-၁-၂ ပုံစံနဲ့ ကစားခဲ့ပါတယ်။

မန်ယူရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းတန် ပေါ့ဂ်ဘာဟာ အင်အားအပြည့်နဲ့ ကွင်းလယ်မှာ အကောင်းဆုံး ကစားသွားနိုင်တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ပေါ့ဂ်ဘာဟာ မန်ယူအတွက် ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်မှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ကစားခဲ့ပြီးနောက်ပိုင်း (၁၆၁၆) ရက်အကြာမှာ မန်ယူကစားသမားအဖြစ် ပြန်လည် ကစားခဲ့ခြင်းဖြစ်ပါတယ်။

ပထမပိုင်း ပွဲချိန် (၃၆)မိနစ်မှာ ရွန်နီ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို အီဘရာဟီမိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်း (၅၂) မိနစ်မှာ ပယ်နယ်တီဧရိယာအတွင်း လုခ်ရှောကို ကလာစီ တွန်းခဲ့လို့ မန်ယူတို့ ပင်နယ်တီ ပြစ်ဒဏ်ဘော ရခဲ့ပါတယ်။ ဒီပင်နယ်တီကို အီဘရာဟီမိုစ်ကပဲ သွင်းယူခဲ့တာကြောင့် မန်ယူနဲ့ ဒီရာသီမှာ (၃) ပွဲမှာ (၄) ဂိုးမြောက် သွင်းယူနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ မန်ယူက စမောလင်း၊ မီခါတာယန်၊ ဟာရဲရားတို့ လူစားဝင်ကစားခဲ့ပြီး လက်ကျန်မိနစ်တွေမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့လို့ (၂-ဝ)နဲ့ ပွဲပြီးခဲ့လို့ ပြီး မန်ယူအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ နှစ်ပွဲနိုင်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။

ပွဲပြီးရလဒ်

မန်ချက်စတာယူနိုက်တက် ၂-၀ ဆောက်သမ်တန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly