ဥရောပတိုက်ရှိ မြောက်ကိုရီးယားနိုင်ငံပိုင် ငွေကြေးများကို စီမံကွပ်ကွဲသူ အရာရှိ ပျောက်ဆုံးနေ

ဥရောပတိုက်ရှိ မြောက်ကိုရီးယားနိုင်ငံပိုင် ငွေကြေးများကို စီမံကွပ်ကွဲသူ အရာရှိ ပျောက်ဆုံးနေ

ဆိုးလ်၊ သြဂုတ် ၁၉ ။         ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအတွက် ငွေကြေးများကို စီမံခန့်ခွဲပေးနေရသူ အရာရှိတစ်ဦးသည် နိုင်ငံပိုင်ငွေကြေး အမြောက်အများနှင့်အတူ ဘက်ပြောင်းခိုလှုံသွား ကြောင်း တောင်ကိုရီးယားသတင်းဌာန ယွန်ဟပ်က ဖော်ပြလိုက်သည်။

အဆိုပါ အရာရှိသည် ဥရောပနိုင်ငံတစ်နိုင်ငံတွင် ဒေါ်လာဘီလျံများစွာနှင့်အတူ ဇွန်လကပင် မြောက်ကိုရိးယားအစိုးရနှင့် အဆက်အသွယ်ဖြတ်တောက်သွားကြောင်း အမည်မဖော်ပြသည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး တေယောင်ဟိုးသည်လည်း မကြာသေးမီက ဘက်ပြောင်းခိုလှုံကာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၎င်း၏ မိသားစုနှင့်အတူ   နေထိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required