ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံး မှန်ကြမ်းခင်း တံတားကို တရုတ်နိုင်ငံတွင် ဖွင့်လှစ်မည်

ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံး မှန်ကြမ်းခင်း တံတားကို တရုတ်နိုင်ငံတွင် ဖွင့်လှစ်မည်

ပေကျင်း ။      ။ ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံး မှန်ကြမ်းခင်းတံတားကို တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် သြဂုတ် ၂၀ ရက်၌ ဖွင့်လှစ်မည်ဟု စီမံကိန်းတာဝန်ရှိသူများက ပြောကြားသည်။

အရှည် ၄၃၀ မီတာ၊ အကျယ် ၆ မီတာရှိသော အဆိုပါတံတားကို အလွှာသုံးလွှာပါဝင်သည့် အလင်းဖောက်မှန်များ ၉၉ ချပ်ဖြင့် ခင်းထားခြင်းဖြစ်သည်။

ကျန့်ကျားချီအရပ်ရှိ Grand Canyon ရှုခင်းအရပ်မှ မြေပြင် အထက် မီတာ ၃၀၀ မြင့်သော Avatar တောင်များ၏ တောင်စောင်းနှစ်ခုကို ချိတ်ဆက်တည်ဆောက်ထားခြင်းဖြစ်သည်။ ဟောလိဝုဒ်မှ Avatar ရုပ်ရှင်ဇာတ်ကားအား အဆိုပါနေရာတွင် ရိုက်ကူးထားခြင်းဖြစ်သည်။

ယင်းတံတားအား ဒီဇင်ဘာလအတွင်းက တည်ဆောက်ပြီးစီးခဲ့ပြီး ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းတံတားတွင် ကမ္ဘာ့ထိပ်တန်းဒီဇိုင်းနှင့် ဆောက်လုပ်ရေးပုံစံ ၁၀မျိုးကို ထည့်သွင်းတည် ဆောက်ထားကြောင်း တံတားတည်ဆောက်ရေး ကော်မတီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required