ပလူတိုနီယမ် ပြန်ထုတ်နေပြီး နျူကလီးယား စမ်းသပ်မှုများ ဆက်လုပ်သွားမည်ဟု မြောက်ကိုရီးယားပြော

ပလူတိုနီယမ် ပြန်ထုတ်နေပြီး နျူကလီးယား စမ်းသပ်မှုများ ဆက်လုပ်သွားမည်ဟု မြောက်ကိုရီးယားပြော

ပြုံယမ်း၊ သြဂုတ် ၁၇ ။                 ။ မြောက်ကိုရီးယားနိုင်ငံက ပလူတိုနီယမ်ထုတ်လုပ်မှုကို ပြန်လည်စတင်နေပြီး အမေရိကန်၏ ခြိမ်းခြောက်မှု ရှိနေသေးသရွေ့ နျူကလီးယားစမ်းသပ်မှုများကို ရပ်တန့်သွားဖို့ အစီအစဉ်မရှိဟု ပြောလိုက်ကြောင်း ဂျပန်နိုင်ငံ ကျိုတိုသတင်းဌာနက ဖော်ပြသည်။

နျူကလီးယားလက်နက်နှင့် စွမ်းအင်အတွက် လိုလပ်သော ယူရေနီယံကိုလည်း အများအပြားထုတ်လုပ်ထားကြောင်း မြောက်ကိုရီးယားနျူကလီးယားစွမ်းအင်အသင်းက ကျိုတိုသတင်းဌာနသို့ ပြောကြားခြင်းဖြစ်သည်။

ထိုအသင်းက ပလူတိုနီယမ်နှင့် ယူရေနီယံ မည်မျှထုတ်လုပ်ပိုင်ဆိုင်ထားသည်ကိုမူ ပြောကြားခြင်း မရှိပေ။

ဇွန်လအတွင်းက ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေး IAEA က မြောက်ကိုရီးယားသည် ပလူတိုနီယမ်ထုတ်လုပ်ရန် ၎င်း၏ ယောင်ဗြွန်းစက်ရုံအား   ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း   ပြောကြားခဲ့သည်။

နိုင်ငံတွင်းက နျူကလီးယားစက်ရုံအားလုံးကို ပြန်လည်စတင်မည်ဖြစ်ကြောင်း မြောက်ကိုရိးယားက ၂၀၁၃ ခုနှစ်အတွင်းက သံန္ဒိဌာန်ချပြောဆိုထားသည်။

နျူကလီးယားလက်နက်အတွက် စွမ်းဆောင်ရည်မြှင့်တင်နိုင်မည့် လုပ်ငန်းစဉ်များအား ယောင်ဗြွန်းစက်ရုံတွင် ပြန်လည်လည်ပတ်လုပ်ဆောင်လျက်ရှိကြောင်း စက်တင်ဘာလအတွင်းက   မြောက်ကိုရီးယားက  ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required