ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပမည်

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပမည်

တိုကျို၊ သြဂုတ် ၁၇ ။               ။ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတို့မှာ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို လာမည့်သီတင်းပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်အတွင် ရေပိုင်နက်ချဲ့ထွင်မှုအပေါ် ဂျပန်နှင့် အငြင်းပွားမှုများ ဖြစ်နေသော်လည်း တိုကျိုမြို့တွင် ယင်းအစည်းအဝေးကို ကျင်းပရန် စီစဉ်ထားကြောင်း တိုကျိုရှင်ဘွန်းသတင်းစာက ဖော်ပြခဲ့သည်။

သြဂုတ် ၂၃ နှင့် ၂၄ ရက်တွင် ကျင်းပမည့် ယင်းအစည်းအဝေး၌ မြောက်ကိုရီးယား၏ နျူကလီးယားအရေးနှင့် ဒုံးပံျအစီအစဉ်များကဲ့သို့ ဒေသတွင်း ပြဿနာများဆွေးနွေးရေး အတွက် အရေးကြီးသော မူဘောင်တစ်ရပ် ချမှတ်နိုင်ရေးကို ဆွေးနွေးသွားရန်ရှိကြောင်း မီဒီယာများတွင် ဖော်ပြသည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် အစိုးရသင်္ဘောများ အရှေ့တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းများအနီး ယခုလအတွင်း ခုတ်မောင်းမှုကြောင့် ဂျပန်နှင့် တရုတ်တို့အကြား ဆက်ဆံရေး တင်းမာလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required