တရုတ်က ဆီးရီးယားနှင့် စစ်ရေးပူးပေါင်းရန် ကြိုးစား

တရုတ်က ဆီးရီးယားနှင့် စစ်ရေးပူးပေါင်းရန် ကြိုးစား

ပေကျင်း၊ သြဂုတ် ၁၆ ။            ။ တရုတ်နိုင်ငံအနေဖြင့် ဆီးရီးယားနှင့် စစ်ရေးနီးကပ်ပူးပေါင်းမှုကို လိုလားလျက်ရှိကြောင်း စစ်ဒဏ်ခံ ဆီးရီးယားသို့ ရှားရှားပါးပါးသွားရောက်ခဲ့သည့် တရုတ်အကြီးတန်းအရာရှိတစ်ဦးအား ကိုးကာလျက် နိုင်ငံပိုင်သတင်းက သြဂုတ် ၁၆ ရက်၌ ဖော်ပြသည်။

ရေနံအတွက် အားထားစရာဒေသဖြစ်သော်လည်း တရုတ်နိုင်ငံအနေဖြင့် အခြားသော ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်များဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ရုရှားတို့ကဲ့သို့ မဟုတ်ဘဲ ဆီးရီးယားနှင့် သံခင်းတမန်ခင်းကို ခပ်ခွာခွာနေခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဆီးရီးယားအရေးတွင် ပိုမိုပါဝင်ရန် တရုတ်နိုင်ငံက ကြိုးစားလာပြီး ဆီးရီးယားပဋိပက္ခများကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရေးအတွက် အကူအညီအဖြစ် သံတမန်များကိုလည်း စေလွှတ်ခဲ့သည်။

တရုတ်ဗဟိုစစ်ကော်မရှင်မှ နိုင်ငံတကာစစ်ရေးပူးပေါင်းမှုရုံး ဥက္ကဌဖြစ်သူ ဂူအန်ယုဖင်းက ဆီးရီးယားကာကွယ်ရေးဝန်ကြီး ဖာဟတ်ဂျာဆင်းနှင့် ဒမတ်စကပ်တွင် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

တရုတ်နိုင်ငံအနေဖြင့် ဆီးရီးယားတွင် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ရေရှည်ပါဝင်သွားမည်ဟု ဂူအန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags