နိုင်ငံပေါင်း ၁၉၀ ကျော်တွင် သုံးစွဲနိုင်မည့် ယူနီဗာဆယ် ခရက်ဒစ်ကဒ်ကို ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းက ဧရာဝတီဘဏ် ထုတ်လုပ်

နိုင်ငံပေါင်း ၁၉၀ ကျော်တွင် သုံးစွဲနိုင်မည့် ယူနီဗာဆယ် ခရက်ဒစ်ကဒ်ကို ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းက ဧရာဝတီဘဏ် ထုတ်လုပ်

ရန်ကုန် ၊ သြဂုတ် ၁၆ ။                 ။ နိုင်ငံပေါင်း ၁၉၀ ကျော်တွင် သုံးစွဲနိုင်မည့် ယူနီဗာဆယ် ခရက်ဒစ် ကတ်( Universal Credit Card) များကို ဂျပန် ကုမ္ပ ဏီ တစ်ခုဖြစ်သည့် JCB နှင့် ပူးပေါင်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသူ ရမောင်က မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်တွင် သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်သည့် အဆိုပါ ယူနီဗာဆယ်ခရက်ဒစ်ကဒ် ထုတ် လုပ်ခြင်း မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“CB Network နဲ့ပေါင်းပြီး သူရဲ့ CO Branded အဖြစ်ပေါ့နော် အခုလို ယူနီဗာဆယ် ခရက်ဒစ်ကတ် (Universal Credit Card)တွေကို ထုတ်လုပ်တာ အစ်ကိုတို့ ဧရာဝတီဘဏ်က ပထမဆုံးပေါ့။ ဒီလိုကတ်တွေ ရှိခြင်အားဖြင့် နိုင်ငံခြားသွားတဲ့ အခါ ငွေသားတွေ ကိုင်စရာမလိုပဲ JCB အမှတ်တံဆိပ်ရှိတဲ့ ဘယ်နေရာမှာမဆို နိုင်ငံပေါင်း ၁၉၀ ကျော် မှာ ဒီကတ်တွေ ကို အသုံးပြုလို့ ရသွားမှာပါ” ဟု ဦးသူရမောင်က ပြောသည်။

ယူနီဗာဆယ်ကဒ် (Universal Credit Card) များကို ပြည်သူလူထုက ယုံယုံကြည် ကြည်သုံးစွဲမှသာ အောင်မြင်မည်ဖြစ် ကြောင်း ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းသော်က ပြောသည်။

“ဒီဟာကို အောင်မြင်ဖို့အတွက်ဆိုရင် public ကပါ educate ရှိပြီးတော့မှ ဒီလိုကတ်တွေကို သုံးစွဲမယ်။ သုံးစွဲလို့ရှိရင် ဘယ်လို အကျိုးသက်ရောက်တယ်ဆိုတာတွေကို သိပြီးတော့မှ ယုံကြည်စွာနဲ့ ကတ်သုံးစွဲတဲ့စနစ်ကို အားလုံးလုပ်ကြ မှသာ card society က အောင်မြင်မှာဖြစ်ပါတယ်” ဟု ဦးဝင်းသော်က ပြောသည်။

နိုင်ငံတော်မှ လျှပ်စစ်မီး ၊ အင်တာနက် စသည့် အခြေခံအဆောက်အဦးများကို တည်ငြိမ်စွာ ပေးနိုင်မှသာ card စနစ်က အသုံးတွင်ကျယ်လာမည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ပြောကြား ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required