ဟက်ဇက်နှင့်ချယ်လ်ဆီး ထံမှပိုမိုမျှော်လင့်နိုင် ဦးမည်ဟု နည်းပြကွန်တီပြော

ဟက်ဇက်နှင့်ချယ်လ်ဆီး ထံမှပိုမိုမျှော်လင့်နိုင် ဦးမည်ဟု နည်းပြကွန်တီပြော

သြဂုတ် ၁၆၊ လန်ဒန်။          ။ ဟက်ဇက်နှင့်ချယ်လ်ဆီးအသင်းထံမှ ခြေစွမ်းကောင်းများထပ်လာဦးမည်ဟု ချယ်လ်ဆီးနည်းပြကွန်တီက ဝက်စ်ဟမ်းကိုအနိုင်ရ သည့်ပွဲအပြီးတွင် ပြောသည်။

ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရ ဟက်ဇက်သည် ချယ်လ်ဆီးအတွက်ဦးဆောင်ဂိုးကို ပင်နယ်တီမှသွင်းယူခဲ့ပြီး ဂျိမ်းစ် ကောလင်း၏ချေပဂိုးကို ဒီယေဂိုကော်စတာက ပွဲပြီးခါနီးတွင်ချေဖျက်ပြီး အနိုင်ဂိုးသွင်းခဲ့သဖြင့် ချယ်လ်ဆီးအသင်း ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

နည်းစနစ်ဧရိယာအတွင်းအလွန်အမင်းအောင်ပွဲခံခဲ့သည့်ကွန်တီက ၎င်းကိုင်တွယ်သည့်ပထမဆုံးပရီးမီးယားလိဂ်ပွဲမှ ချယ်လ်ဆီး အသင်းသားများ၏ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့သည်။

“အသင်းက ပွဲကောင်းတစ်ပွဲကို စိတ်ဓါတ်ပြင်းပြစွာနဲ့ အားကြိုးမာန်တက်ကစားသွားခဲ့ပါတယ်။ ပြင်းပြတဲ့စိတ်ဓါတ်၊ နေရာယူမှု ကောင်းကောင်းနဲ့ ကစားနိုင်ခဲ့တယ်။ ကြံ့ခိုင်မှုပိုင်းလည်းကောင်းခဲ့တယ်။ ကစားပုံကိုလည်း ကျေနပ်ပါတယ်။

စစ်မှန်တဲ့စိတ်ဓါတ်ကိုရှာတွေ့ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့တိုးတက်နိုင်တယ်၊ ကျွန်တော်တို့အများကြီးလိုသေးတယ် ဆိုတာသိပေမယ့် ကျွန်တော့်အသင်းကို ကျွန်တော်ကျေနပ်ပါတယ်။

ဟက်ဇက်က ပွဲကောင်းတစ်ပွဲကစားခဲ့တာပါ။ သူ့မှာဘောလုံးစွမ်းရည်ကောင်းရှိပြီး အသင်းအတွက်သိပ်အရေးပါပါတယ်။ သူ့ခြေစွမ်းကိုကျေနပ်ပါတယ်။ ဒါပေမဲ့အများကြီးထပ်ကောင်းနိုင်သေးတယ်ဆိုတာ သူရော၊ ကျွန်တော်ရောသိပါတယ်”ဟု ကွန်တီက ပြောသည်။

နိုင်ပွဲရရန် ၈၉ မိနစ်စောင့်လိုက်ရသော်လည်း ပထမဆုံးအင်္ဂလန်ဘောလုံးလောကအတွေ့အကြုံအတွက် ဝမ်းသာသည်ဟု ကွန်တီကဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags