ကမ္ဘာ့အကောင်းဆုံးနည်းပြ ဂွာဒီယိုလာကြောင့် မန်စီးတီးသို့ပြောင်းခဲ့ဟု ဂျွန်စတုန်းပြော

ကမ္ဘာ့အကောင်းဆုံးနည်းပြ ဂွာဒီယိုလာကြောင့် မန်စီးတီးသို့ပြောင်းခဲ့ဟု ဂျွန်စတုန်းပြော

သြဂုတ် ၁၆၊ မန်ချက်စတာ။      ။ ဂွာဒီယိုလာသည့် ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်သည့်အပြင် မန်စီးတီးသို့မိမိပြောင်းသည့် အဓိကအကြောင်းရင်းမှာလည်း ဂွာဒီယိုလာကြောင့်ဖြစ်သည်ဟု ဂျွန်စတုန်းက ပြောသည်။

ဂွာဒီယိုလာသည် မန်စီးတီးအသင်းတွင် ပြောင်းလဲမှုများလုပ်နေပြီး တိုရေး၊ ဂျိုးဟတ်အစရှိသည့် နာမည်ကျော်များကိုလည်း ကာလရှည်စီမံကိန်းနှင့်မသင့်တော်ဟု ယူဆကာ ချန်လှပ်ထားသည်။

သို့သော် အဲဗာတန်မှ ပေါင် ၄၇ သန်းဖြင့်ပြောင်းလာသည့် ဂျွန်စတုန်းက ၎င်းအနေဖြင့် ဂွာဒီယိုလာလက်အောက်တွင် တိုးတက် လာနိုင်မည့် အခွင့်အရေးအတွက် စိတ်လှုပ်ရှားနေသည်ဟု ပြောသည်။

“ကမ္ဘာ့အကောင်းဆုံးနည်းပြလက်အောက်မှာ အလုပ်လုပ်ခွင့်ရဖို့၊ ထိပ်တန်းကလပ်အသင်းကိုရောက်ဖို့နဲ့ ချန်ပီယံလိဂ် ကစားရဖို့ ဆိုတာ သိပ်များများမရနိုင်တဲ့ အခွင့်အရေးပါ။

ကျွန်တော့်ကစားသမားဘဝတိုးတက်အောင် သင်ယူဖို့၊ စိတ်လှုပ်ရှားစရာစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သင့်တော်တဲ့အချိန်လို့ ကျွန်တော်ခံစားရပါတယ်။

ကျွန်တော့်နေရာအတွက် တိုက်ပွဲဝင်ရမယ်ဆိုတာ သိပါတယ်။ ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာပြဖို့ ရောက်လာခဲ့တာပါ”ဟု စတုန်းက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required