ကော်စတာရဲ့ နောက်ကျ သွင်းဂိုးနဲ့ ဝက်စ်ဟမ်းကို အနိုင်ရတဲ့ ချယ်လ်ဆီး

ကော်စတာရဲ့ နောက်ကျ သွင်းဂိုးနဲ့ ဝက်စ်ဟမ်းကို အနိုင်ရတဲ့ ချယ်လ်ဆီး
(ဓာတ်ပုံ - အီးပီအေ)

ဒီယေဂိုကော်စတာရဲ့ နောက်ကျ သွင်းဂိုးက နည်းပြ အန်တိုနီယို ကွန်တီကို ပရီးမီးယားလိဂ်ရာသီ အဖွင့်မှာ နိုင်ပွဲရရှိစေပြီး ချယ်လ်ဆီးတို့ ၂၀၁၆-၁၇ ပရီးမီးယားလိဂ်ရာသီသစ်မှာ အဖွင့်လှခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်ဖက်အသင်း သရေကျခဲ့ပေမယ့် ဒုတိယပိုင်းအစ (၄၇) မိနစ်မှာ ဝက်စ်ဟမ်းနောက်ခံလူ အမ်တိုနီယိုက အက်ဇ်ပီလီကွယ်တာကို ပြစ်ဒဏ် ကျူးလွန်ရာကနေ ရတဲ့ ပင်နယ်တီကို ဟာဇက်က ကန်သွင်းယူနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအတွက် ချေပဂိုးကို နောက်ခံလူ ကော်လင်းက (၇၇) မိနစ်မှာ သွင်းယူနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးနည်းပြ ကွန်တီက ပတ်ဒရို၊ မိုဆက်စ၊ ဘတ်ရှူးအာပီတို့ကို ထည့်သွင်းပြီး တိုက်စစ်အရှိန်မြင့်တင်ခဲ့ပါတယ်။

ဒါ့ကြောင့် (၈၉) မိနစ်မှာ ဘတ်ရှူးအာယီ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို စပိန်တိုက်စစ်မှူး ကော်စတာက ကိုင် (၂၀) အကွာကနေ ချယ်လ်ဆီးအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် နည်းပြ ကွန်တီက ချယ်လ်ဆီးကို ပရီးမီးယားလိဂ် ပထမဆုံး ကိုင်တွယ်တဲ့ပွဲမှာ အနိုင်ရရှိခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။

ပွဲပြီးရလဒ်
ချယ်လ်ဆီး ၂-၁ ဝက်စ်ဟမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required