Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲတွင် ပါ၀င်ဖျော်ဖြေသွားမည်မဟုတ်ဟု အဒဲလ်ပြောကြား

Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲတွင် ပါ၀င်ဖျော်ဖြေသွားမည်မဟုတ်ဟု အဒဲလ်ပြောကြား

နယူးယော့ခ်၊ သြဂုတ် ၁၅ ။         ။ ၂၀၁၇ ခုနှစ် Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေပေးရန် ဗြိတိန်အဆိုတော် အဒဲလ်အား ကမ်းလှမ်းထားသော်လည်း အဒဲလ်က ပါဝင်ဖျော်ဖြေသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“  ကျွန်မ  Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲမှာ ဖျော်ဖြေသွားမှာ မဟုတ်ပါဘူး။ ဒီဖျော်ဖြေပွဲဟာ တေးဂီတဖျော်ဖြေပွဲမဟုတ်ပါဘူး။ ကျွန်မ ပါဝင်ဖျော်ဖြေသွားမှာမဟုတ်ပါဘူး။ ကျွန်မ ကလည်း မကတတ်ဘူး။ ဖျော်ဖြေပွဲမှာ လာရောက်ဖျော်ဖြေပေးဖို့ ကမ်းလှမ်းထားပေမယ့် ကျွန်မငြင်းဆိုခဲ့ပါတယ် ”ဟု  အဒဲလ်က သြဂုတ် ၁၃ရက်တွင် လော့စ်အိန်ဂျလိစ်မြို့တွင် ပြုလုပ်သော ဖျော်ဖြေပွဲတွင် ပရိတ်သတ်များကို ပြောကြားခဲ့သည်။

အမျိုသားဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်  Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲအတွက် အဒဲလ်ကို မျက်စိကျလျက်ရှိကြောင်း ယခုလအစောပိုင်းက  The Sun သတင်းစာတွင် ဖော်ပြထားသည်။” ပွဲစီစဉ်သူများဟာ အဒဲလ် ဖျော်ဖြေပွဲမှာ ပါဝင် ဖျော်ဖြေပေးဖို့ သူတို့ကြိုးစားလုပ်ဆောင်နိုင်တဲ့ အရာအားလုံးကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု  အမျိုးသားဘောလုံးဖွဲ့ချုပ်က  The Sun ကို ပြောကြားသည်။

အဒဲလ်သည် လက်ရှိအချိန်တွင်  ၎င်း၏တတိယမြောက် စတူဒီယို တေးအယ်လ်ဘမ် “ 25” အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို လုပ်ဆောင်လျက်ရှိကြောင်း နှင့် “ 25” တေးသီချင်းအယ်လ်ဘမ်သည် ယနေ့အထိ ဘေဘုတ် ၂၀၀စာရင်းတွင် နံပါတ်တစ်နေရာမှ  သီတင်းပတ်ဆယ်ပတ်ကြာ ရပ်တည်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags