နယူးယော့ခ်တွင် ကျင်းပမည့် Global Citizen ပွဲတော်တွင် ဘီယွန်ဆေး ပါဝင် ဖျော်ဖြေမည်

နယူးယော့ခ်တွင် ကျင်းပမည့် Global Citizen ပွဲတော်တွင် ဘီယွန်ဆေး ပါဝင် ဖျော်ဖြေမည်

နယူးယော့ခ်၊ ဇူလိုင် ၁၀ ။  ။ နယူးယော့ခ်မြို့ Central Park ၌ စက်တင်ဘာလတွင် ပြုလုပ်မည့် Global Citizen ပွဲတော် (၂၀၁၅) တွင် ဘီယွန်ဆေး၊ အက်(ဒ်)ရှီယာရန်၊ ပါး(လ်)ဂျမ်းနှင့် ကိုးလ်ဒ်ပလေးတို့ ပါဝင်ဖျော်ဖြေ ကြမည် ဖြစ်သည်။

ထိုဂီတပွဲကို ဘီဘီစီကလည်း ထုတ်လွှင့်ပေးမည် ဖြစ်သည်။ ဂီတပွဲ ပြုလုပ်မည့် စက်တင်ဘာလသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေး နှင့်လည်း တိုက်ဆိုင်နေသည်။

အထွေထွေညီလာခံ အစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များသည်တရားမျှတမှှု မရှိခြင်းကို တိုက်ဖျက်ရေး၊ ကမ္ဘာ့ဥတုရာသီပြောင်းလဲမှှု တိုက်ဖျက်ရေးနှင့် ဆင်းရဲမွဲတေမှှု တိုက်ဖျက်ရေးတို့နှင့် ပတ်သက်၍ ရည်မှန်းချက် ပန်းတိုင်သစ်များကို ကြေညာကြမည် ဖြစ်သည်။

ထိုဂီတပွဲကို ရုပ်ရှင် ဒါရိုက်တာ ရစ်ချတ်ကာ့တစ်(စ်)က စီစဉ်မည် ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly