ဟားလ်စီးတီးအသင်း အနိုင်ရလဒ်နှင့် ထိုက်တန်သည်ဟု ရာနီရေရီ ပြော

ဟားလ်စီးတီးအသင်း အနိုင်ရလဒ်နှင့် ထိုက်တန်သည်ဟု ရာနီရေရီ ပြော

သြဂုတ် ၁၄၊ အင်္ဂလန်။           ။ ၂၀၁၆-၁၇ ပရီးမီးယားလိဂ်ရာသီ အဖွင့်ပွဲစဉ်တွင် လက်ရှိချန်ပီယံ လက်စတာအသင်းသည် တန်းတက်ဟားလ်စီးတီးအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ထိုပွဲအပြီးတွင် လက်စတာအသင်းနည်းပြ ရာနီရေရီက အိမ်ရှင် ဟားလ်စီးတီးအသင်းသည် ပိုကောင်းအောင်ကစားနိုင်ခဲ့ပြီး အနိုင်ရလဒ်ဖြင့် ထိုက်တန်သည်ဟု ပြောဆိုလိုက်သည်။

‘ဟားလ်စီးတီးရဲ့ ကစားပုံက ကောင်းပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့အသင်းရဲ့အကောင်းဆုံးပုံစံကိုရအောင် ကြိုးစားခဲ့ပါတယ်။ အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် တစ်ခါတစ်လေမှာ ဒါက မဖြစ်နိုင်ပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ အမှားတစ်ချို့လုပ်ခဲ့ပါတယ်။ သူတို့ကို နိုင်မယ်ပဲ ထင်ခဲ့တာပါ။

ကျွန်တော့်အသင်းရဲ့ကြိုးစားမှုက အံ့အားသင့်ဖို့ကောင်းပေမယ့် တစ်ဦးချင်းထူးချွန်မှုနဲ့ကစားနေခဲ့ပြီး အသင်းလိုက်တော့ ကစားပုံမကောင်းခဲ့ပါဘူး။ ဒီနေ့ပွဲက သာမန်ပွဲတစ်ပွဲပါပဲ။ သရေရလဒ်က သာမန်ပဲလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ကျွန်တော်တို့ရှုံးခဲ့ပါတယ်’ ဟု ရာနီရေရီက ပြောဆိုခဲ့သည်။

လက်စတာစီးတီးအသင်းသည် လာမည့်အပတ်တွင် အာဆင်နယ်အသင်းနှင့် အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required