နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူသွားတဲ့ မက်ဆီ အာဂျင်တီးနားအတွက် ပြန်ကစားမည်

နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူသွားတဲ့ မက်ဆီ အာဂျင်တီးနားအတွက် ပြန်ကစားမည်
(ဓာတ်ပုံ - အီးပီအေ)

လက်ရွေးစင်အသင်းမှ နှစ်လလောက် အနားယူသွားတဲ့ မက်ဆီဟာ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ လူစာရင်းမှာ ပြန်လည်ပါဝင်လာပြီဖြစ်ပါတယ်။

အသက် (၂၉) နှစ်အရွယ်ရှိ မက်ဆီဟာ ဇွန်လက ကိုပါအမေရိက ဗိုလ်လုပွဲမှာ အာဂျင်တီးနားက ချီလီကို ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်အသင်းမှ အံ့အားသင့်ဖွယ် အနားယူခဲ့ပါတယ်။

သို့သော်လည်း မက်ဆီရဲ့ ကြေငြာချက်ကို အာဂျင်တီးနားရှိ မီဒီယာများရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ တိုက်စစ်မှူးက "နိုင်ငံရဲ့ ချစ်ခြင်း" နှင့် "ကူညီဖို့" အတွက် အခုလို ပြန်လည်ကစားပေးတာဖြစ်ကြောင်း ဆိုပါတယ်။

စက်တင်ဘာလအစပိုင်းမှာ အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲအတွက် ဥရုဂွေး၊ ဗင်နီဇွဲလားတို့နဲ့ ကစားဖို့ရှိပါတယ်။

ကိုပါအမေရိက ဗိုလ်လုပွဲမှာ မက်ဆီဟာ ပင်နယ်တီ လွဲချော်ခဲ့ရခြင်းကြောင့် ချီလီကို ရှုံးနိမ့်ခဲ့သလို အာဂျင်တီးနားဟာ (၉) နှစ်အတွင်း အဓိက ဗိုလ်လုပွဲ (၄) ကြိမ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

"အဲဒီဗိုလ်လုပွဲညက အဖြစ်အပျက်တွေကြောင့် ကျနော့်စိတ်ထဲမှာ အကြောင်းအရာ အများအပြား ဝင်လာပြီး လက်ရွေးစင်အသင်းကနေ ထွက်ဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ကျနော့် နိုင်ငံကို ကျနော် ချစ်ပြီး ဒီဝတ်စုံဟာ အရမ်းပဲ ကြီးကျယ်ပါတယ်"လို့ အာဂျင်တီးနားရဲ့ ထာဝရဂိုးသွင်းရှင်က ပြောပါတယ်။

"အာဂျင်တီးနား ဘောလုံးလောကမှာ ကျနော်တို့ အရာများစွာ ပြုပြင်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အပြင်ကနေ မဝေဖန်လိုပဲ အတွင်းပိုင်းက လုပ်ဆောင်ဖို့ ကျနော် ပိုပြီး လိုလားပါတယ်။"လို့ မက်ဆီက ဆိုပါတယ်။

မက်ဆီရဲ့ တစ်ခုတည်းသော နိုင်ငံတကာ ဆုတံဆိပ်ဟာ ၂၀၀၈ ခုနှစ်က ဘေဂျင်းမှာ အိုလံပစ်ရွှေကို ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆုကို (၅) ကြိမ်မြောက် ရရှိထားသူဖြစ်ပြီး သူဟာ ၂၀၀၇ ကိုပါအမေရိက ဗိုလ်လုပွဲမှာလည်း ဘရာဇီးအသင်းကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required