ဂြိုဟ်တုအသစ်က ရေပိုုင်နက်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဟု တရုတ်ဆို

ဂြိုဟ်တုအသစ်က ရေပိုုင်နက်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဟု တရုတ်ဆို

ရှန်ဟိုင်း၊ သြဂုတ်  ၁၁ ။             ။ အသစ်လွှတ်တင် ဂြိုဟ်တုအနေဖြင့် ပင်လယ်ပြင် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရာတွင် အသုံးဝင်မည်ဟု ချိုင်းနားဒေးလီးသတင်းစာက သြဂုတ် ၁၁ ရက်တွင် ရေးသားဖော်ပြလိုက်သည်။

သြဂုတ် ၁၀ ရက်က လွှတ်တင်လိုက်သည့် Gaofen 3 ဂြိုဟ်တုတွင် မြေပြင်မှ ၃ ပေ (တစ်မီတာ) အမြင့်ရှိ အရာဝတ္ထုများ၏ ပုံရိပ်ကို မည်သည့်ရာသီဥတုအခြေအနေတွင် မဆို ဖမ်းယူနိုင်သည့် ရေဒါစနစ်တပ်ဆင်ထားသည်ဟု နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊ နည်းပညာနှင့်စက်မှုလုပ်ငန်းဌာနက ချိုင်းနားဒေးလီးသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ကျွန်းတွေ၊ သန္တာကျောက်တန်းတွေ၊ သင်္ဘောတွေ၊ ရေစီးကြောင်းတွေနဲ့ ပတ်သက်လို့ စောင့်ကြည့်ရာမှာ အခုတင်လိုက်တဲ့ ဂြိုဟ်တုက များစွား အသုံးဝင်နိုင်မည်" ဟု အဆိုပါ  ဌာန၏ခေါင်းဆောင် ကျူဖူကျန်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required