မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၁၉ နှင့် ၂၀ ရက်တို့ တွင်ပြုလုပ်မည်

မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၁၉ နှင့် ၂၀ ရက်တို့ တွင်ပြုလုပ်မည်

ရန်ကုန်၊ သြဂုတ် ၁၀ ။               ။ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၁၉ နှင့် ၂၀ ရက်တွင် ပြုလုပ်သွားမှာ ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးလူမင်းက သြဂုတ်လ ၁၀ရက်နေ့က  မြန်မာ့ရုပ်ရှင်အစည်းအရုံး ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။

အဆိုပါ ဖိုရမ်ကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးသွားဖို့ ရှိပြီး တိုးတက်ရန်လိုအပ်ချက်များကို ရုပ်ရှင်လောကသားတွေ ဝိုင်းဝန်းဆွေးနွေးသွားနိုင်ရန် ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

" ကိုယ့်လောက လက်ရှိအခြေအနေကနေ တိုးတက်ဖို့အတွက် လိုအပ်ချက်တွေ အားနည်းချက်တွေ ရှေ့ဆက်ပြီး ဆောင်ရွက်ရမယ့် အချက်အလက်တွေကို ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် ဆွေးနွေးပြီး ရလာမယ့် အဖြေတွေ ရှေ့ ဆက် ဆောင်ရွက်ရမယ့် လမ်းစဉ်တွေ ပေါ်လာပြီဆိုရင် ဒါ အစိုးရပိုင်းဆိုင်ရာ ပံ့ပိုးရမယ့်ကဏ္ဍတွေ သေချာပေါက် ပါဝင်လာ မှာ ဖြစ်တယ်"ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဌ လူမင်းက ပြောသည်။

အဆိုပါ ဖိုရမ်သို့ ရုပ်ရှင်လောကသား အများစု ပါဝင်ခွင့် မရှိဘူးဟု ဝေဖန်သံတွေ ထွက်နေပေမယ့် ဖိုရမ်ကို ရုပ်ရှင် လော ကသား အများစုတက်ရောက်နိုင်အောင် ဖိတ်ကြားသွားမည်ဟုလည်း ၎င်းက ဆိုသည်။

"မလာနိုင်တဲ့သူတွေလည်း သိအောင်လုပ်ပြီး ကြေညာလိုက်တယ်။ လာပါ ကြိုဆိုပါတယ် ကျွန်တော်တို့ ဖွင့်ပေး ထား တယ် ကြိုက်တာလာပြောပါ။ ဒီသဘောဆိုတော့ တော်တော်လေး ပြောပြီးသွားပြီ။ ကုန်ပါပြီ တကယ်တမ်းတော့ မသိ တဲ့ သူတောင် မရှိတော့ပါဘူး။ မသိချင်ယောင်ဆောင်နေတဲ့သူတွေပဲ ရှိပါလိမ့်မယ်"ဟု ရုပ်ရှင်လောကသားများကို ဖိုရမ် ဖိတ် ကြားချင်းနဲ့ ပတ်သက်ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့သည့် လူရွှင်တော် ဇာဂနာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly