ရေးကြီးရေလျှံမှုနှင့် ပတ်သက်၍ အဆိုတင်သွင်းခြင်းမှာ အစိုးရကို ဖိအားပေးနေခြင်း မဟုတ်ဟု NLD အမတ်ပြော

ရေးကြီးရေလျှံမှုနှင့် ပတ်သက်၍ အဆိုတင်သွင်းခြင်းမှာ အစိုးရကို ဖိအားပေးနေခြင်း မဟုတ်ဟု NLD အမတ်ပြော

နေပြည်တော်၊ သြဂုတ် ၉ ။           ။ ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခြင်း ၊ သောက်သုံးရေရှားပါးပြတ်လပ်မှုများနှင့် တိမ်ကော မြစ်ချောင်းများပြန် လည်တူးဖော် ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းရခြင်းမှာ အစိုးရအပေါ် ဖိအားပေးခြင်း မဟုတ်ဘဲ ကိုယ်ချင်းစာ စိတ်ဖြင့် ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုး သား လွှတ်တော်အမတ် ဦးကျော်ထွေးက ပြောသည် ။

အဆိုကို သြဂုတ်လ ၄ရက်နေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး (၉)ရက်မြောက်နေ့တွင် ဦးကျော်ထွေးက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းပြီး (၃)ရက်ကြာ ဆွေးနွေးကာ လွှတ်တော်၌ မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။

“ ဒါတွေအားလုံးကို ချက်ချင်းလက်ငင်း ဖြေရှင်းပေးဖို့ မကြာသေးမီ ကာလကမှ ဖွဲ့စည်းဖြစ်ပေါ်ခဲ့တဲ့ ပြည်သူ့အစိုးရ အ ရပ်သားအစိုးရကို ဖိအားပေးနေတာ မဟုတ်ဘူးဆိုတာကတော့ အင်မတန်ရှင်းလင်းပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ ကျွန် တော်တို့တွေဟာ သုသေသနလို လုပ်ငန်းမျိုးတွေ စမလုပ်ဘူး စမပြင်ဆင်ဘူးဆိုရင် စီမံကိန်းတွေဖြစ်လာဖို့စမကြိုး စား ဘူးဆိုရင် လာမယ့်နှစ်တိုင်း နှစ်တိုင်း ကျတော်တို့ပြည်သူတွေ ပူပန်နေကြရမှာဖြစ်ပါတယ်” ဟု ဦးကျော်ထွေးက ပြော သည်။

အဆိုအား လွှတ်တော်အမတ် (၁၈) ဦးကဆွေးနွေးခဲ့ကြပြီး အစိုးရအဖွဲ့တာဝန်ရှိသူဖြစ်သည့် လယ်ဆည်ဒုဝန်ကြီး ဒေါက် တာထွန်းဝင်းက  အဆိုကို မှတ်တမ်းတင်ထားရှိရန်လွှတ်တော်သို့ တင်ပြခဲ့သည့်အတွက် သြဂုတ်လ  ၈ရက်နေ့က မှတ် တမ်းတင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး မဆြန္ဒနယ်အမှတ်(၄)မှ အမျိုးသားလွှတ်တော်အမတ် ဦးသန်းစိုး (ခ)သန်းစိုး (ဘောဂဗေဒ) ကလည်း အစိုးရဘက်မှ အကောင်အထည်ဖောင်ဆောင်ရွက်နိုင်ခြင်းမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက် အရ ပြည်ထောင်စုဝန်ကြီးကို စွပ်စွဲပြစ်တင်နိုင်သည့်အတွက် မှတ်တမ်းအဖြစ်သာထားရှိသင့်ကြောင်း ဆွေးနွေးခဲ့သည်။

“ ကတိကဝတ်အတိုင်း မဆောင်ရွက်နိုင်ဘူးဆိုရင် ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအား ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ  အခြခံ ဥပဒေရဲ့စွပ်စွဲပြစ်တင်ခြင်း ဆိုင်ရာ ပုဒ်မ (၂၃၃)ပုဒ်မခွဲ (က) ရဲ့ပုဒ်မများနဲ့ စွပ်စွဲအပြစ်တင်နိုင်ပါတယ် ” ဟု ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ ) ကဆွေးနွေး ခဲ့သည် ။

ဦးကျော်ထွေးတင်သွင်းသည့် အဆိုကို လွှတ်တော်တွင် မှတ်တမ်အဖြစ်ထားရှိမည်ဖြစ်ကာ အစိုးရအဖွဲ့၏ ဆောင်ရွက် ချက်များကို လွှတ်တော်မှ လေးလေးနက်နက်စောင့်ကြည့်မည်ဖြစ်ပြီး ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် အမျိုးသား လွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက မေတ္တာရပ်ခံခဲ့သည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required