Android ဖုန်း သန်း ၉၀၀ နီးပါး လုခြံုရေး ကျိုးပေါက်

Android ဖုန်း သန်း ၉၀၀ နီးပါး လုခြံုရေး ကျိုးပေါက်

နယူးယောက်၊ သြဂုတ် ၈ ။          ။ Android ဖုန်း သန်း ၉၀၀ နီးပါးတွင် အသုံးပြုထားသော ဆော့ဝဲလ်၌ ဟက်ကာတိုက်ခိုက်သူများ ဖုန်းရှိ အချက်အလက်များ အားလုံးဖောက်ဝင်ရယူသွားနိုင်သည့် လုံခြုံရေးကျိုးပေါက်မှုကြီးတစ်ရပ် ဖြစ်ပွားသည်။

အမေရိကန်ကုမ္ပဏီ Qualcomm ထုတ်လုပ်သည့် ဖုန်းဆော့ဝဲလ်တွင် ထိုသို့ တိုက်ခိုက်သူများက အချက်အလက်များ ရယူသွားနိုင်သည့် bugs များ ဝင်ရောက်နေခြင်းကို Checkpoint မှ ပညာရှင်များက ဖော်ထုတ်တွေ့ရှိခြင်းဖြစ်သည်။

အဆိုပါ ဆော့ဝဲလ်ကို ထည့်သွင်းအသုံးပြုထားသည့် Android ဖုန်းပေါင်း သန်း ၉၀၀ နီးပါးရှိကြောင်း ယင်းကုမ္ပဏီက ပြောသည်။

သို့သော်လည်း လက်ရှိအချိန်ထိ ဆိုက်ဘာသူခိုးများ၏ တိုက်ခိုက်ခံရသည့် သတင်းဖြစ်စဉ် မရှိသေးပေ။ “ကျွန်တော်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောလိုတာက အဲဒီဆော့ဝဲလ်မှာ bugs တွေရှိနေတဲ့ ဟာကွက်ပျော့ကွက်ကြီးရှိနေပြီး ဖုန်းတွေကို ဆက်သုံးနေရတာက နောက်ထပ် သုံးလေးလလောက်အထိ ရှိနေဦးမှာပဲ။”ဟု Checkpoint မှ မိုဘိုင်းထုတ်ကုန်စီမံခန့်ခွဲမှု အကြီးအကဲ Michael Shaulov က ပြောသည်။

အဆိုပါ လုံခြုံရေးကျိုးပေါက်မှုက BlackBerry Priv၊ Blackphone 1 and Blackphone 2၊ Google Nexus 5X, Nexus 6 and Nexus 6P၊ HTC One, HTC M9 and HTC 10၊ LG G4, LG G5, and LG V10၊ New Moto X by Motorola၊ OnePlus One, OnePlus 2 and OnePlus 3၊ US versions of the Samsung Galaxy S7 and Samsung S7 Edge၊ Sony Xperia Z Ultra ဖုန်းများတွင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required