ပထမကစားသမားနေရာအတွက် ပေါ့ဂ်ဘာ တိုက်ပွဲဝင်ရလိမ့်မည်ဟု မော်ရင်ဟို ပြော

ပထမကစားသမားနေရာအတွက် ပေါ့ဂ်ဘာ တိုက်ပွဲဝင်ရလိမ့်မည်ဟု မော်ရင်ဟို ပြော

သြဂုတ် ၈၊ အင်္ဂလန် ။                  ။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဂ်ဘာအနေဖြင့် အသင်းတွင် ပထမကစားသမားနေရာရရှိရန် တိုက်ပွဲဝင်ရလိ့မ်မည်ဟု   ပြောဆိုလိုက်သည်။

ပေါ့ဂ်ဘာမှာ ဂျူဗင်တပ်စ်မှ မန်ယူသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မကြာမီရက်အတွင်း ရောက်ရှိလာတော့မည်ဖြစ်ပြီး ဆေးစစ်မှုပြုလုပ်တော့မည်ဟု မန်ယူအသင်းက ကြေညာခဲ့ပြီးနောက်   မော်ရင်ဟိုက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လက်စတာအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူပြီး ကွန်မြူနတီဒိုင်းကို ရရှိခဲ့ပြီးနောက် မော်ရင်ဟိုက နောက်ဆုံးတွင် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့သည်။

‘ပေါ့ဂ်ဘာလို ကစားသမားမျိုးကျွန်တော်တို့အသင်းကို ရောက်လာမယ်ဆိုတာက တကယ်ကို အံ့အားသင့်ဖွယ်ရာကောင်းပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ သူ့ကို ရရှိခဲ့ပါပြီ။ ချန်ပီယံအသင်းကို သူရောက်လာတော့မှာပါ။ ပေါ့ဂ်ဘာ မန်ယူကိုရောက်လာဖို့ အလုပ်တွေအများကြီး ကြိုးစားလုပ်ခဲ့ရပါတယ်’ ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

ရှဝိန်းစတိုင်ဂါကို အသင်းလူစာရင်းမှ ချန်လှပ်ခဲ့သည့်အတွက် ဝေဖန်မှုများကြုံရချိန်ကတည်းက မော်ရင်ဟိုက အသင်းသို့ ထိပ်တန်းကွင်းလယ်ကစားသမားတစ်ဦးရောက်လာရန် ရှိသည့်အတွက်   နေရာချန်လှပ်ထားခြင်းဟု တုံ့ပြန်ခဲ့သည်။ လက်ရှိမန်ယူအသင်းတွင် ကျောနံပါတ် ၆ ဂျာစီမှာ လစ်လပ်လျက်ရှိနေသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required